ထိပ်ဆုံး သတင်း :
Home » » မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်

10/20/2011 12:23:00 PMတွင်ရေးသည်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန်က တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားလိုက်တာဟာ ပြည်သူ အများဆန္ဒကို နားထောင်တာဖြစ်လို့ ကြိုဆိုတဲ့ အကြောင်း ဖေါ်ပြခဲ့တဲ့ အပေါ် တရုတ် ကိုယ်စားလှယ်က ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
RFA
မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းရေးအတွက် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မြန်မာ့အရေး လှုပ်ရှားနေသူများ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြရန် နှိုးဆော်လက်ကမ်းကြော်ငြာ။
"တရုတ် အစိုးရ အနေနဲ့ မမှန်ကန်တဲ့ အချက်အလက်ပေါ်မှာ မကျေနပ်ဘူးဆိုတာ ပြောချင်ပါတယ်။ တရုတ်ပြည် အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေကို အစဉ်တစိုက် ပံ့ပိုး အကာအကွယ် ပေးနေပါတယ်။ ဒီမြစ်ဆုံဆည် စီမံကိန်းဟာ မြန်မာ ပြည်သူတွေ အတွက် အကျိုးရှိစေ ပါတယ်။ ဒါ့အပြင် ဒီစံမံကိန်း အတွက် အပြန်အလှန် လေ့လာ သုံးသပ်ပြီးမှ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက စတင် အကောင်အထည် ဖေါ်ခဲ့တာပါ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွား အတွက် အခြားနေရာတွေမှာ ဆက်ပြီး ပူးပေါင်း ဖက်စပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ တရုတ် ကိုယ်စားလှယ်က ပြောသွားတာပါ။ တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အဖြစ် ကြိုဆိုကြောင်းလည်း တရုတ် ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"