ထိပ်ဆုံး သတင်း :
Home » » မြန်မာ့အရေးအား နိုင်ငံတကာစောင့်ကြည့်နေမှုက လူ့အခွင့်အရေး ကျူးလွန်ရန် မီးစိမ်းပေးနေ

မြန်မာ့အရေးအား နိုင်ငံတကာစောင့်ကြည့်နေမှုက လူ့အခွင့်အရေး ကျူးလွန်ရန် မီးစိမ်းပေးနေ

10/09/2011 08:26:00 AMတွင်ရေးသည်

နိုင်ငံတကာက မြန်မာ့နိုင်ငံရေး အခြေအနေအား အချိန်ပေးစောင့်ကြည့်နေခြင်းသည် ကချင်လူထုအား သတ်ဖြတ်မှု၊ မတရားပြုကျင့်မှုများ ဆက်တိုက်ကျူး လွန်မှု ဖြစ်ပေါ်စေရန် အချိန်ပေးနေသည်နှင့် တူနေ ကြောင်း ကချင်အမျိုးသမီးခေါင်းဆောင်ကပြောကြား လိုက်ပါသည်။


“နိုင်ငံတကာရဲ့ Wait and See Policy ‘အချိန်ယူ၊ စောင့်ကြည့်ပါအုံး’ ဆိုတဲ့ မူဝါဒက ကျမတို့ ကချင်လူထုကို သတ်ဖြတ်ဖို့၊ မုဒိန်းကျင့်ဖို့ စတဲ့ လူ့အခွင့်အရေးအမျိုးမျိုးကျူးလွန်ဖို့ အချိန်ပေးလိုက်တာနဲ့တူတယ်။ ‘အချိန်ယူ၊ စောင့်ကြည့်ပါအုံး’ ဆိုတဲ့ မူဝါဒက တကယ်တော့ ကျမတို့အတွက် သေဒဏ်ပါဘဲ” - ဟု ကချင်အမျိုးသမီးအစည်း အရုံး(ထိုင်းနိုင်ငံ) ပြောခွင့်ရ ဒေါ်ရှယ်လီဆိုင်းက ပြောကြားလိုက်ပါသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/kwat.jpgကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) KWAT၏ သတင်းစာရှင်းလင်းပွဲ

အစိုးရ စစ်တပ်မှ ကချင်လွတ်လပ်ရေးတပ်မတော်အား စတင်ထိုးစစ်ဆင်လာချိန် ပထမနှစ်လအတွင်း ကချင် အမျိုးသမီး ၃၇ ယောက် မတရားပြုကျင့်ခံရပြီး ゞင်းတို့နက် ၁၃ ယောက်အား သတ်ဖြတ်သည့်အပြင် အခြား မတရားမှု အမျိုးမျိုး ကျူးလွန်ခဲ့သည်ဟုဆို၏။


“ကချင်အမျိုးသမီး အစည်းအရုံးအနေနဲ့ မုဒိန်းကျင့်ခံရတဲ့အမျိုးသမီးတွေကို လက်လှမ်းမှီသလောက် ဆေးဝါး ကုသတာ စိတ်ဓာတ်မြင့်တင်ပေးတာတွေကို ပြုလုပ်ပေးနေပါတယ်။ သူတို့လိုအပ်တဲ့ အကူအညီတွေကိုလဲ တက်နိုင်သမျှ သွားရောက်ကူညီပေးနေပါတယ်” ဟု ゞင်းကပြောပါသည်။

ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT က သတင်းထောက်များဖိတ်ကြားကာ Burma's Covered Up War (ဗမာပြည် ဖုံးကွယ်စစ်ပွဲ) အစီရင်ခံစာဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ကို ချင်းမိုင်မြို့ တက္ကသိုလ်ကျောင်းဝင်းအတွင်း ယနေ့ (အောက်တိုဘာ ၇ ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့ရာ တက်ရောက် နားထောင်သူ ၅၀ ခန့် ရှိသည်။


တရုတ်နိုင်ငံက ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသဖြင့် စစ်ပြေးဒုက္ခသည် ၂၅၀ဝ၀ ကျော်သည် ကချင်တရုတ် နယ်စပ်တလျှောက် ယာယီစခန်းများတွင် ခိုလှုံနေကြရပြီး အစားအစာနှင့် ဆေးဝါး မလောက်ငှမှုရင်ဆိုင်နေရ သည်။


“ကိုးကန့်အရေးအခင်းတုန်းက ဘာပဲဖြစ်ဖြစ် ကိုးကန့်လူမျိုး တရုတ်လူမျိုးဘဲလေ။ ကိုးကန့်ခေါင်းဆောင် တချို့ စစ်အစိုးရနဲ့ တွဲလုပ်နေတော့ သူတို့ခိုလှုံရင်လဲ မကြာဘူးလို့ တရုတ်ကထင်ပြီး ခိုလှုံခွင့်ပေးတယ်။တိုင်းရင်းသား အရေးက ရေရှည်နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက် တရုတ်အစိုးရက လက်မခံရဲဘူးလို့ထင် တယ်” ဟု ဒေါ်ရှယ်လီဆိုင်းက ပြောပါသည်။


မြန်မာနိုင်ငံအတွင်း တရားဝင်လုပ်ကိုင်နေသော (လူမှုကယ်ဆယ်ရေး)အေဂျင်စီများအား ဒုက္ခသည်များကို အကူအညီပေးရန် မြန်မာအစိုးရက ပိတ်ပင်ထားသည်ဟု ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ၏ အစီရင်ခံစာ၌ ရေးသားထားသည်။


ကယ်ဆယ်ရေးအေဂျင်စီများက UNOCHA (United Nations Office for the Coordination of Humanitarian Affairs) ထံ ဒုက္ခသည်အကူအညီရရေးအတွက် တင်ပြရာ UNOCHA က အစိုးရအနေဖြင့် အကူအညီပေးရန် လမ်းဖွင့်ပေးလျှင် သွားရောက်ကူညီမည်ဟု ပြန်လည်ဖြေကြားကြောင်း KWAT က ဆို၏။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"