ထိပ်ဆုံး သတင်း :
Home » » စစ်ဗျူဟာမှူး လိုက်ပါလာသည့် ယာဉ်တန်းကို KIA တိုက်ခိုက်

စစ်ဗျူဟာမှူး လိုက်ပါလာသည့် ယာဉ်တန်းကို KIA တိုက်ခိုက်

10/09/2011 08:24:00 AMတွင်ရေးသည်

 http://www.mongloi.org/burmese/images/stories/newspictures/2011/october/KIA-soilder.jpg
KIA စစ်သည်များ
ကွတ်ခိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းလိုက်ပါလာ သော စစ်ယာဉ်တန်းအား KIA တပ်ဖွဲ့မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် - နမ့်ခမ်းကားလမ်းပေါ်တွင် ယမန်နေ့ည ၉ နာရီကျော်ခန့်က တိုက်ခိုက်ခဲ့ရာ လုံခြုံ ရေးလိုက်ပါလာသည့် ခလရ ၄၅ မှ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
နမ့်ခမ်းမြို့မှ မူစယ်ဘက်သို့အလာ မူစယ်နှင့် ၁၅ ကီလိုမီတာခန့်အကွာရှိ နမ့်ဆန်ဂိုဒေါင်အနီးတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


“စယ်လန့်မရောက်ခင် နမ့်ဆန်ဂိုဒေါင်နားမှာ ဖြစ်တာ ဗျူဟာမှူးကား နည်းနည်းထိသွားတယ် ဗျူဟာမှူးကိုတော့ မထိဘူး ခလရ ၄၅ က တပ်ကြပ်ကြီး တစ်ယောက်သေတယ် ၄ ၊ ၅ ယောက်လောက်ဒဏ်ရာရတယ်” ဟု သူက ဆိုသည်။


အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း မုံးပေါ်ရွာမှ မုံးကိုးဘက်သို့ ထွက်ခွာလာသည့် ခလရ ၂၉၀ စစ်ကြောင်း နှင့် KIA တပ်ဖွဲ့များ ဟေ့မိုးလုံရွာအနီး လွယ်ပန်လုံတောင်ခြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


အဆိုပါတိုက်ပွဲအတွင်း ခလရ ၂၉၀ ဘက်မှ အထိအခိုက်မရှိကြောင်း ကြူကုတ် (ပန်ဆိုင်း)ဘက်မှ အစိုးရစစ်ကား ၃ စီး စစ် ကူ လိုက်သွားကြောင်း ဒေသခံသတင်းရပ်ကွက်အဆိုအရ သိရသည်။


ဒေသခံပြည်သူများအနေဖြင့် KIA နှင့် အစိုးရတပ်တို့ လက်နက်ကိုင်တိုက်ခိုက်မှုအပေါ် ဝေဖန်ခြင်းမရှိသော်လည်း လက်နက်ကိုင်များမှ အပြစ်မဲ့ခရီးသည်များသွားလာသူများနှင့် အရပ်ဘက်ဝန်ထမ်းများအပေါ် တိုက်ခိုက်ခြင်းအား ရှောင်ရှားရန် လိုလားလျှက်ရှိသည်။






စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း KIA တိုက်ခိုက်မှု အတွင်း မူစယ်ခရိုင်လူဝင်မှုကြီးကြပ်ရေး အရာရှိဦးရဲဝင်း နှင့် မုံးကိုး မြို့နယ်လဝကမှူး ဦးရဲဝင်းတို့ သေဆုံးသွားသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"