ထိပ်ဆုံး သတင်း :
Home » » ပြည်နယ်နဲ့ အပေးအယူ လုပ်ဖို့ သမ္မတကို တိုက်တွန်းမည်

ပြည်နယ်နဲ့ အပေးအယူ လုပ်ဖို့ သမ္မတကို တိုက်တွန်းမည်

10/03/2011 10:16:00 PMတွင်ရေးသည်

မြန်မာနိုင်ငံမှာ ပြည်နယ်တွေကို သီးခြား ခွဲထွက်ခွင့်ပြုမှာ မဟုတ်ပေမယ့် အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား အပေးအယူ သဘောမျိုး လိုက်လျောမှုရှိတဲ့ ညှိနှိုင်းမှုတွေကို ဆောင်ရွက်နိုင်ဖို့ သမ္မတ ဦးသိန်းစိန်ကို အကြံပြုသွားမယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
AFP
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်က ကျင်းပသော ပါလီမန်ကို တက်ရောက်နေသော ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။
သမ္မတဦးသိန်းစိန်ရဲ့ အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ အင်ဒိုနီးရှား နိုင်ငံကို စက်တင်ဘာ ၂၅ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့ အထိ သွားရောက်ပြီး အင်ဒိုနီးရှား နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို လေ့လာခဲ့ကြပါတယ်။ ဒီခရီးစဉ် အတွင်း လေ့လာ တွေ့ရှိချက်တွေကို မူတည်ပြီး အကြံပြုမှာ ဖြစ်ကြောင်း နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က အခုလို ပြောဆိုလိုက်တာပါ။ "Negociation ဘယ်လိုလုပ်မလဲ ဘာတွေ ပေးပြီး ဘာပြန်ယူမလဲပေါ့။ အဓိက ကတော့ သီးခြားပြည်နယ် ခွဲထွက်ဖို့ တောင်းဆိုခွင့်တော့ မရှိနိုင်ဘူးပေါ့ဗျာ။ ပြည်ထောင်စုကြီးက ပြိုကွဲသွားမှာကိုး။ သို့သော်လည်း သူ့နယ်မြေအလိုက် သူ့ရဲ့ အင်အားအလိုက် အဲဒီအပေါ်မှာတော့ ကျတော်တို့ အပေးအယူ Adjustment လေးတော့ ရှိမှာပေါ့။" အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အစိုးရနဲ့ အင်ဒိုနီးရှား ဗဟိုအစိုးရတို့ အကြား ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ပုံတွေကို အခြေခံပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ အတွက် သမ္မတဦးသိန်းစိန်ကို အကြံပြု တင်ပြမှာ ဖြစ်တယ်လို့လည်း ဒေါက်တာနေဇင်လတ်က ပြောပါတယ်။ သမ္မတ အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်ရဲ့ ဒီပြောကြားချက် အပေါ်တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ စုစည်းထားတဲ့ UNFC အတွင်းရေးမှူး နိုင်ဟံသာက ကြိုဆိုလိုက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပေါ်ပေါက်လာအောင် အထောက်အကူပြု ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ "တခြားနိုင်ငံတွေက အတွေ့အကြုံတွေယူပြီး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို လိုချင်တာပါ။ စေတနာမှန်ရင်တော့ ဖြေရှင်းလို့ ရမှာပါ။ ကျနော်တို့ကလည်း ခွဲထွက်ရေးကို ဦးတည်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပြည်နယ်မှာ ကိုယ့်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုရော၊ ကိုယ့်အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ပေါ့နော်။ စီမံခန့်ခွဲရေးတွေတော့ ရှိဖို့ လိုပါတယ်။ တကယ့်စေတနာမှန်နဲ့ ပြေလည်ရာ ပြေလည်ကြောင်း လုပ်မယ်ဆိုရင်တော့ ကျနော်တို့လည်း အထောက်အကူ ပေးနိုင်ပါတယ်။" အင်ဒိုနီးရှားနိုင်ငံခရီးစဉ် အတွင်း သမ္မတ အကြံပေး အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးဆက်အောင်နဲ့ ဒေါ်ခင်မျိုးမြင့်တို့ဟာ အင်ဒိုနီးရှားနိုင်ငံက အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC နဲ့ NGO အဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"