ထိပ်ဆုံး သတင်း :
Home » » ယူနန် တရုတ်အသင်းတော် များလိုင်ဇာကချင်ဒုက္ခသည် များ ကိုကူညီ

ယူနန် တရုတ်အသင်းတော် များလိုင်ဇာကချင်ဒုက္ခသည် များ ကိုကူညီ

10/31/2011 08:09:00 PMတွင်ရေးသည်


oct31-refugee
ဂျေယန်ခ ဒုက္ခသည်စခန်း
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ခရစ်ယာန်အသင်းတော်တချို့က အိမ်နီးချင်း KIO ဗဟိုဌာနချုပ် လိုင်ဇာ ကချင်ဒုက္ခသည်စခန်းသို့ အောက်တိုဘာ ၂၇ ရက်တွင် လာရောက် အကူညီပစ္စည်းများ ပေးခဲ့သည်။
၎င်းတို့၏ အကူညီပစ္စည်းများတွင် ဆန်အိတ် (၂၄၀)၊ ဆီဗူး (၁၂၀)နှင့် ဆေးဝါးများ ပါဝင်သည်ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမူး ဗိုလ်မှူး ကရန်နော်အောန် (Kareng Naw Awn) ဆိုသည်။

ယခုလို ကူညီမှုအား ကူမင်း (Kunming)၊ ယင်ကျန်းနှင့် ရွှေလီ စသည့်မြို့များမှ တရုတ်အသင်းတော်များ ပြုလုပ်ခြင်းဖြစ်သည်။

အကူညီပစ္စည်းများကို အသင်းတော်ခေါင်းဆာင် (၇) ဦးက ၎င်းတို့ကိုယ်တိုင် လိုင်ဇာမြို့တွင်းရှိ ဒုက္ခသည်စခန်းများနှင့် မြို့ပြင်မှ ဂျေယန်ခ (Je Yang Hka)နှင့် ဖုန်လုံယန် (Hpunlum Yang) စခန်းများသို့ သွားရောက်ပြီး ပေးအပ်ခဲ့သည်ဟု ဖုန်လုံယန် စခန်းမှ တာဝန်ရှိသူ KIA အရာရှိ ၀မ်ဒေဆိုင်းဂျတ်ဒူ (Wangde Seng Jat Du) ပြောသည်။

လိုင်ဇာသို့ နေ့စဉ်လိုလို ရောက်ရှိလာနေသည့် ဒုက္ခသည်သစ်များကို ဂျေယန်ခနှင့် ဖုန်လုံယန် စခန်းနှစ်ခုသို့ အဓိက နေရာချပေးနေသည်ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ကဆိုသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခြင်းကြောင့် ဒုက္ခသည်များ တရုတ်နယ်စပ် လိုင်ဇာသို့ ထွက်ပြေးခိုလုံလာခြင်းဖြစ်သည်။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"