ထိပ်ဆုံး သတင်း :
Home » » မြန်မာအစိုးရတပ်ကကျောင်း သားများကိုကျည်ကွယ် ပြုပြီး KIAကို တိုက်

မြန်မာအစိုးရတပ်ကကျောင်း သားများကိုကျည်ကွယ် ပြုပြီး KIAကို တိုက်

10/05/2011 07:14:00 AMတွင်ရေးသည်


manje-madangyang-myanကချင်ပြည်နယ်တောင်ပိုင်း မံစီနှင့် မဒန်ယန်ကြားတွင် မြန်မာအစိုးရတပ်သည် ကျောင်းဆင်းချိန်တွင် အချိန်ကိုက် ကချင်လွတ်မြောက်ရေ်းတပ်ဖွဲ့ (KIA) ကို  တိုက်ခိုက်မှုတစ်ခု အောက်တိုဘာ ၄ ရက်တွင် ဖြစ်ပွားခဲ့သည်။

မန်ဂျောရွာထိပ်အနီး ကျော်ခေါင်နှင့် ရှောင်ထွတ်ကြားပစ်ခတ်ကြခြင်းဖြစ်ကာ မံဂျေ(မံစီ)တွင်ရောက်ရှိနေသည့် ဗန်းမော်အခြေစိုက် ခလရ (၄၇)နှင့် KIA တပ်ရင်း ၁ ကြား ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ခလရ ၄၇ သည် ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် KIA ရှိရာသို့ ချဉ်းကပ်ကြစဉ် နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာသည်ဟု ဒေသခံများပြောသည်။

မံဂျေ ဒေသခံတဦးက “ကျောင်းသားများကို ကျည်ကွယ်အဖြစ် လူသားဒိုင်းအနေနဲ့ အသုံးပြုနေတာဟာ အတော်မတရား တာဖြစ်တယ်။”  ကချင်သတင်းဌာနသို့ ပြောသည်။

နှစ်ဖက်ကြား ကျိုကြား ပစ်ခတ် တိုက်ခိုက်မှုမှာ ညနေပိုင်း ၆ နာရီကျော်အထိ ဖြစ်ပွားခဲ့သည်ဟု သေနတ်သံများကြားသည့် ဒေသခံများပြောသည်။

ယခု ပစ်ခတ်တိုက်မှု ဖြစ်ပွားမှုနှင့်ပတ်သက်ပြီုး KIA တပ်မဟာ ၃ အရာရှိများကလည်း ကချင်သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

၃ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှု၌ နှစ်ဖက်ကြား သေကြေဒဏ်ရာရမှု ရှိမရှိ မသိရပါ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင်လည်း ယခုတိုက်ပွဲဖြစ်ပွားရာနေရာအနီး ရွာသစ်ကုန်းတွင် နှစ်ဖက်ကြားပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ မြန်မာစစ်သား ၂ ဦးကျဆုံးသွားခဲ့သည်။

ထို့အပြင် ၎င်းဒေသ မန်ဂျေအခြေစိုက် ခမရ ၆၀၁ သို့ လွန်ခဲ့သည့် နှစ်ရက်ကတည်းက မြန်မာအစိုးရတပ် ထပ်မံ ရောက်ရှိလာကြောင်း ဒေသခံများမှတဆင့် သိရသည်။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"