ထိပ်ဆုံး သတင်း :
Home » » K.I.A တပ်ရင်း (၈) မှာ တိုက်ပွဲဖြစ်

K.I.A တပ်ရင်း (၈) မှာ တိုက်ပွဲဖြစ်

10/06/2011 02:58:00 PMတွင်ရေးသည်

http://asiapacific.anu.edu.au/newmandala/wp-content/uploads/2008/01/kia-shoulder-patch.jpg
ရှမ်းပြည်နယ် အခြေစိုက်တဲ့ K.I.A တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း (၈) နှင့် စစ်အစိုးရစစ်တပ် ခမရ (၃၂၄) တို့အကြား အောက်တိုဘာလ (၄) ရက်နေ့ မနက်ပိုင်းတွင် မန်ဟိုင် - ဆန်ခေါင် နယ်မြေမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုလည်း ရှိကြောင်း သိရှိရပါတယ်။ K.I.A ဘက်မှာ တော့ ထိခိုက်ကျဆုံးမှု မရှိကြောင်း အရာရှိများက အတည်ပြုပြောကြားပါတယ်။

ဘွန်ဆဲန်မှာ တိုက်ပွဲဖြစ်

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း (၁၅) အထူးတပ်ရင်းတို့က အောက်တိုဘာလ ၅ ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် စစ်အစိုးရ အခြစိုက်နေတဲ့ ဘွန်ဆဲန် စခန်း အနီးတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A တပ်ရင်း (၁၅) တို့မှ စစ်အစိုးရ အခြေစိုက် စခန်းချတဲ့ စခန်း တစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

စစ်အစိုးရမှ ပြည်သူလူထုကို သတင်းကြေငြာ

စစ်အာဏာရှင် အစိုးရကနေပြီး ကချင်ပြည်နယ် K.I.O/ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို စစ်အင်အား (၂၀၀၀၀) နှစ်သောင်း အရှုံးခံပြီး သိမ်းပိုက်မည် ဖြစ်ကြောင်း ပြည်သူ လူထုများကို သတင်း ကြေငြာနေကြောင်း မြို့ခံများမှ စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် နေရာ အနံ့ တိုက်ပွဲဖြစ်

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရတို့ အကြား ကချင်ပြည်နယ် နေရာအနံ့ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ ဂျာအိန်ယာန်၊ မန်ဂျေ၊ ဘန်ဒေါင်ယာန်၊ ဂေါင်ရီကရုန် နှင့် အခြား ကျေးရွာများတွင် နေ့ညမပြတ် တိုက်ပွဲများ ဖြစ်ပွား နေကြောင်း စုံစမ်း သိရှိရပါတယ်။


ဒုန်ခွန်-မန်မောင် သို့ စစ်အင်အားဖြည့်

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒုန်ခွန် - မန်မောင်သို့ အောက်တိုဘာလ ၅ ရက်တွင် စစ်အစိုးရ စစ်တပ်အင်အား အများအပြား ချီတက်လာနေပြီဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ အောင်ဂျာယာန် ကျေးရွာအနီးရှိ တရုတ်လောပန်း လောင်ယင်ရဲ့ ငှက်ပျောသီးခြံများတွင် စစ်အစိုးရ ဗျူဟာမှူးကိုယ်တိုင် လာရောက် အခြေစိုက်နေရာ K.I.A စစ်တပ်တို့မှ ယင်း အနီးတဝိုက် ပတ်ပတ်လည်တွင် မိုင်း သွားရောက် ထောင်ထားခဲ့ရာ ဗျူဟာမှူးမှာ ယင်းနေရာတွင်ပင် ပိတ်မိနေကြောင်း၊ ယင်းဗျူဟာ မှူးကို စစ်အစိုးရက ရဟတ်ယာဉ် ဖြင့် လာရောက်ကယ် ထုတ်သွားမည် ဖြစ်ကြောင်း သတင်း စုံစမ်း သိရှိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"