မြန်မာအစိုးရစစ်ကြောင်းတခုအား KIA တပ်မှ မုန်းကိုတွင် အောက်တိုဘာ ၆ ရက်၊ ယနေ့ ကြာသပတေးနေ့ ၁ နာရီ ကျော်တွင် ၁၀ မိနစ်ကြာ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း မုန်းကို ဒေသခံများပြောသည်။မုန်းကိုမြို့အနီး ဘန်ဒါပ် (Bangdap) တွင် အစိုးရစစ်ကြောင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃၈)၊ တပ်ခွဲ-၂ မှ ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ KNG ကချင်သတင်းဌာနသို့ အတည်ပြုသည်။
တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် စစ်အင်အား (၈၀) ကျော်ရှိပြီး ဦးကိန်မိုင်နှင့် ၎င်း၏ညီ ဒူမွန်းတို့ ဦးဆောင်သော မုန်းပေါ်ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု KIA ကဆိုသည်။
ခြုံခိုတိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း KIA မုန်းကိုတပ် အရာရှိတစ်ဦးပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ နှင့် ၃၀ ရက် တွင်လည်း မုန်းကိုဒေသမှ မြန်မာစစ်တပ်များအား ဒေသခံ KIA တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စုစုပေါင်း မြန်မာစစ်သား (၁၂) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ ၂၄ ရက်တွင် မြန်မာအစိုးရက ပထမဆုံး စစ်အင်အား အလုံးအရင်းဖြင့် ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄)အား ထိုးစစ်ဆင်ရာမှ နှစ်ဘက် ပြည်တွင်းစစ်များ ကချင်ပြည်နယ်တွင်လည်း ပြင်းထန်လာသည်။













0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !