ထိပ်ဆုံး သတင်း :
Home » » ဦးခင်အောင်မြင့် ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော် အတည်ပြု

ဦးခင်အောင်မြင့် ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော် အတည်ပြု

11/04/2011 11:58:00 AMတွင်ရေးသည်

ဥပဒေမူကြမ်းတွေ စိစစ်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးကို တင်ပြရေး ပြည်သူ့လွှတ်တော်က ကန့်ကွက် ပယ်ချခဲ့ပေမဲ့ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဆုံးဖြတ်အတည်ပြုခဲ့တာကို ပြီးခဲ့တဲ့ရက်က ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်ခဲ့တာကြောင့် မနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ဒီအဆိုကို ဆွေးနွေးခဲ့ကြပြီး အများစုရဲ့ ထောက်ခံချက်နဲ့ အတည်ပြုလိုက်တာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ပြောပါတယ်။ "အခြေခံဥပဒေ ဆိုင်ရာနဲ့ ပတ်သက်လို့ ခုံရုံးဟာ အခုကတည်းက တိုင်ပင်စရာ မလိုဘူး။ ပူးပေါင်း ကော်မီတီက ဥပဒေ အဖြစ် ပြဋ္ဌာန်းပေးသေးတာ မဟုတ်ဘူး။ လွှတ်တော် နှစ်ရပ်ရဲ့ပူးပေါင်း ကော်မီတီ ပြည်ထောင်စု လွှတ်တော်ဆိုတာ ဥပဒေပြုခွင့် အာဏာ ရှိတယ်။ အဲဒါကြောင့် မိမိတို့ရဲ့ ပြဋ္ဌာန်းပြီးသား ဥပဒေကိုမှ သာလျှင် ညီညွတ်မှု ရှိမရှိကို ခုံရုံးက စိစစ်ပါ၊ အခုကတည်းက ဒီလို ဝေါဟာရ သုံးခွင့် ရှိမရှိ ပေးပို့နေရရင် ခုံရုံးအောက်ကို လွှတ်တော် ရောက်သွားသလို ဖြစ်မယ်ဆိုတဲ့ အမြင်နဲ့ ပြည်သူ့လွှတ်တော်က ကြည့်တယ်။ အမျိုးသား လွှတ်တော်ကတော့ ခုကတည်းက ပို့ရင် နောက်စိစစ်စရာ မလိုတော့ဘူး။ စိစစ်ရင်လည်း ကွဲလွဲမှု လျော့သွားနိုင်တယ်လို့ မြင်တယ်။ အဲဒီ နှစ်ခုမှာ အဓိက ကွဲလွဲတာပါ။" ဒီအဆိုနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြား သဘောထား ကွဲလွဲကြတဲ့ အချက်ကိုလည်း ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။ " 'ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော သို့မဟုတ် အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ဥပဒေကြမ်းများကို နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ရေး အတွက် ပေးပို့ခြင်း မပြုမီ ဥပဒေကြမ်း ပူးပေါင်း ကော်မီတီအား စိစစ်စေပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ သံသယရှိသော ကိစ္စရပ်များ ပါဝင်ပါက ယင်းဥပဒေကြမ်းများကို စိစစ်နိုင်ရေး အတွက် နိုင်ငံတော် ဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့ရန် ဆုံးဖြတ်ခြင်းကို ထောက်ခံကြောင်း' ဆိုတာ မနေ့က အမျိုးသားလွှတ်တော်မှာ အဆိုတင်တယ်၊ ဆွေးနွေးကြပါတယ်။ သုံးဦးလောက်က လွဲပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေက ထောက်ခံ ဆွေးနွေးကြပါတယ်။" ဥပဒေပြုရေးမှာ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်တဲ့ အတွက် ဥပဒေကြမ်းတွေကို စိစစ်ပေးဖို့ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးကို တင်ပြတာဟာ လွှတ်တော်ရဲ့ အခွင့်အာဏာကို ထိပါးရာ ရောက်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၇) ဦးက ဆွေးနွေးကြပြီး အများစုရဲ့ဆန္ဒနဲ့ အဲဒီအဆိုကို ပယ်ချခဲ့တာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွှန့်က အာအက်ဖ်အေကို ပြောကြားခဲ့ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"