ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပုံရှိ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပုံရှိ

11/13/2011 12:22:00 AMတွင်ရေးသည်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ဖို့ အလားအလာ ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်ပြိုင်မယ့်ပုံ ရှိတယ်လို့ NLD ဗဟို အလုပ်အမှုဆောင်လည်း ဖြစ် NLD ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို ပါတီတွင်း ဆွေးနွေးဖို့ ရက်ပိုင်း အလိုမှာပဲ ဦးဉာဏ်ဝင်းက အခုလို ထုတ်ဖေါ်ပြောဆိုလိုက်တာပါ။
http://wscdn.bbc.co.uk/worldservice/assets/images/2011/09/27/110927162707_nld_anniversary_226x170_ap_nocredit.jpg
NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို နိုဝင်ဘာလ ၁၈ရက်နေ့မှာ ဆွေးနွေးဖို့ရှိ
မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေမှာ အားလုံး ပါဝင်သင့်တယ်လို့ မြင်တာကြောင့် NLD အနေနဲ့ရော၊ ဒေါ်အောင်ဆန်း စုကြည်ပါ ပါဝင်သွားဖို့ ရှိကြောင်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ပြုပြင် ပြောင်းလဲမှု ရနိုင်မယ့် အခြေအနေ ရောက်မှ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဘယ်တော့မှ ဝင်ဖြစ်မယ် ဆိုတာ မသေချာကြောင်း၊ ဒါ့ကြောင့် လုပ်နိုင်တဲ့ နေရာကနေ စလုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ် မဲဆန္ဒနယ်မြေကနေ ဝင်ပြိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကသာ စဉ်းစား ဆုံးဖြတ်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိအခြေအနေအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က လွှတ်တော်မှာ အများစုနေရာ ရထားပြီးသား ဖြစ်တာမို့ NLD အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် လွှတ်တော်မှာ လုပ်ပိုင်ခွင့် သိပ်မရနိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ မြန်မာပြည်သား တိုင်းရင်းသား တွေပဲ ဖြစ်ပြီး မြန်မာပြည်ကောင်းစားရေးကို ဦးတည် သလို NLD ကလည်း မြန်မာပြည် ကောင်းစားရေးကို ဦးတည်နေတာမို့ ဦးတည်ချက်ချင်းတူတဲ့ အရေးကြီးတဲ့ အချက်တွေကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"