ထိပ်ဆုံး သတင်း :
Home » » ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ အလွတ်သ​ဘော​ဆွေး​နွေး

ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ အလွတ်သ​ဘော​ဆွေး​နွေး

11/30/2011 12:06:00 AMတွင်ရေးသည်

ကေအိုင်အို (ကချင်လွတ်​မြောက်​ရေး​အဖွဲ့​) နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံ ​ရွှေလီမှာ ဒီ​နေ့​ မွန်း​လွဲပိုင်း​ ၃ နာရီ​လောက်က အလွတ်သ​ဘော ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။
ကချင်ကိုယ်စား ​လှယ်အဖွဲ့​မှာ ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာနဲ့​ ဒုဗိုလ်မှူး​ကြီး​ ဂျီး​နောင်တို့​အပါအဝင် အဖွဲ့​ဝင် ၆ဦး​လောက် ပါသွား​ပြီး​ အစိုး​ရဘက်က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်မင်း​နဲ့​ကချင်ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ် ဦး​ခက်ထိန်နန်တို့​ပါဝင်တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
ဆွေး​နွေး​တဲ့​အ​ကြောင်း​အရာကို​တော့​ မသိရ​သေး​ဘူး​လို့​ ​ကေအိုင်အိုအဖွဲ့​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က ​ပြောပါတယ်။
“အ​ခြေအ​နေက ဘာမှမသိ​သေး​ဘူး​။ ​ရွှေလီမှာပဲ ​တွေ့​ကြတယ်။ တခြား​ အချက်အလက်က ဘာမှမရ​သေး​ဘူး​။ စ​တွေ့​ပြီလို့​တော့​ သတင်း​ရတယ်။ ဘယ်လိုဘာ​တွေ​ပြောတာ​တော့​ သတင်း​မရ​သေး​ဘူး​။ မနက်ဖြန်ကျမှ သူတို့​အဖွဲ့​တွေ ပြန်လာတဲ့​အခါကျ​တော့​မှ သိရမယ်ထင်တယ်။ ​တွေ့​နေကြတယ်ဆိုတာ​တော့​ သတင်း​တော့​ရပြီ။”
ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီက​နေ့​မနက်က ​ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာက​နေ ထွက်ခွာသွား​တာဖြစ်ပြီး​ တရုတ်အာဏာပိုင်​တွေက နယ်စပ်မှာ ​စောင့်​ဆိုင်း​ပြီး​ လာ​ခေါ်သွား​တယ်လို့​သိရပါတယ်။
ကေအိုင်အိုနဲ့ ​မြန်မာ အစိုး​ရကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံမှာ ခုတကြိမ် ​ဆွေး​နွေး​နေချိန်ဟာ တရုတ်နိုင်ငံ အစိုး​ရက မြန်မာကာကွယ်​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် တရုတ်နိုင်ငံ ​ရောက်ရှိ​နေချိန်နဲ့​လည်း​ တိုက်ဆိုင်​နေပါတယ်။
တရုတ်နယ်စပ်က စစ်​ရေး​အကဲခတ် ဦး​အောင်​ကျော်​ဇောက​တော့​ ကချင်နဲ့​အစိုး​ရ​ဆွေး​နွေး​ပွဲကို ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ရဲ့​ တရုတ်ခရီး​စဉ်နဲ့​ အချိန်ကိုက်​ဆောင်ရွက်တာ​တော့​ မဖြစ်နိုင်ဘူး​လို့​ ​ပြောပါတယ်။
ဒါ​ပေမယ့်​ တရုတ်နယ်စပ်အနီး​ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲ​တွေ အဆက်မပြတ်ဖြစ်ပွား​တဲ့​ ပြဿနာ မြန်မာတပ်အင်အား​တွေ အဆမတန် တိုး​ချဲ့​ လှုပ်ရှား​နေတဲ့​ပြဿနာနဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေ တိုး​လာ​နေတဲ့​ နယ်စပ်ပြဿနာ​တွေဟာ တရုတ်​ခေါင်း​ဆောင်​တွေနဲ့​ မြန်မာကာကွယ်​ရေး​ဦး​စီး​ချုပ် ​ဆွေး​နွေး​မယ့်​ အ​ကြောင်း​အရာ​တွေထဲမှာ ပါနိုင်တယ်လို့​သုံး​သပ်​ပြောကြား​ပါတယ်။
အတွင်း​ရေး​ မှူး​ ​ဒေါက်တာလား​ဂျာ ဦး​ဆောင်တဲ့​ ​ကေအိုင်အို အဖွဲ့​ဟာ မြန်မာအစိုး​ရဘက်က မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်တချို့​နဲ့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၁၉ ရက်ကလည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါ​သေး​တယ်။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"