ဥပဒေစိုးမိုးမှုရှိရေးကိစ္စဟာအင်မတန်အရေးကြီးတယ်လို့ မြင်ကြောင်းတနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တွေကို
အခြခံပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အခြခံပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
“ဥပဒေစိုးမိုးရေးဟာ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ပေါ် မူတည်တယ်၊ တရားရေးမဏ္ဍိုင်ဟာ လွတ်လပ်ပြီးသန့်ရှင်းမှ ဥပဒေစိုးမိုးမှုရှိမှာဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရန်ကုန်၊ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာနဲ့တွေ့ဆုံပွဲမှာ ခုလို ပြောကြားလိုက်တာပါ။
မီဒီယာတွေ့ဆုံပွဲ အဖွင့်စကား ပြောကြားရာမှာ အဖွဲ့ချုပ်မှတ်ပုံတင်၊ မတင်ကိစ္စကို နိုဝင်ဘာ ၁၈ ရက်ကျမှ ပြောမှာဖြစ်ကြောင်း၊ ဒီရက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်မယ်လို့ ကြားတဲ့အကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။
တိုင်းရင်းသားဒေသတွေ မအေးချမ်းသေးဘဲ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စိုးရိမ်နေပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်မှာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိတဲ့အတိုင်း တတ်နိုင်တဲ့နေရာက ၀င်ရောက်ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။
လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာတွေ့ဆုံပွဲကို မွန်းလွဲတနာရီမှာ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖွင့်စကားပြောကြားပြီးတဲ့နောက် ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆက်လက်ဖြေကြားပါတယ်။
အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ရဲ့ ပြောပြထားချက်အရ အခုပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲပြီးရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အလုပ်တာဝန်တွေ များလာတော့ မှာဖြစ်လို့ ဒီနှစ်အတွင်း မီဒီယာနဲ့ သီးသန့်တွေ့ဖို့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !