Tuesday, November 22, 2011

မြန်မာအစိုး​ရနှင့်​ ​ကေအန်ယူ ​ဆွေး​နွေး​ပွဲပြီး​ဆုံး


ထိုင်း ​ – မြန်မာနယ်စပ်တ​နေရာမှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က စတင်ခဲ့​ကြတဲ့​ မြန်မာအစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) တို့​ရဲ့​ ​ဆွေး​နွေး​ပွဲ ဒီကနေ့​ ပြီး​ဆုံး​သွား​ပြီဖြစ်ပါတယ်။
ဆွေး​နွေး​ ပွဲမှာ ​ကေအန်ယူဘက်က စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ် မူတူး​စေး​ဖိုး​ ဦး​ဆောင်ပြီး​ မြန်မာအစိုး​ရဘက်က ရထား​ပို့​ဆောင်​ရေး​ဝန်ကြီး​ ဦး​အောင်မင်း​က ဦး​ဆောင် ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။
ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကို အ​သေး​စိတ် ထုတ်​ဖော် ​ပြောဆိုခြင်း​ မရှိ​သေး​ပါဘူး​။
ဆွေး​နွေး​ ပွဲနဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူက ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သက​ပေါက “အလွတ်သ​ဘော​တွေ့​တာပဲ။ ဒါတရား​မဝင်ဘူး​၊​ တရား​ဝင်ဖြစ်တာ မဟုတ်ဘူး​။
သူ့​ဘက် ကိုယ့်​ဘက် တီး​ခေါက်ကြည့်​တဲ့​ အဆင့်​ပဲ” လို့​ ​ပြောပါတယ်။
ကေအန်ယူအဖွဲ့ ​ကို ဘား​အံမြို့​မှာ ရုံး​စိုက်ခွင့်​၊​ လက်နက်မကိုင်​ဆောင်ဘဲ လွတ်လပ်စွာ သွား​လာခွင့်​၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေ လုပ်ကိုင်ခွင့်​၊​ ဗဟိုအစိုး​ရနဲ့​ဆွေး​နွေး​ခွင့်​ စတာ​တွေအပြင် ဖွဲ့​စည်း​ပုံဥပ​ဒေပြင်ဆင်​ရေး​မှာလည်း​ ပါဝင်ခွင့်​တွေ​ပေး​မယ်လို့​မြန်မာအစိုး​ရဘက်က စကား​ကမ်း​လှမ်း​ခဲ့​တယ်လို့​လည်း​ ​ကေအန်ယူက ​ပြောပါတယ်။
မြန်မာအစိုး​ ရက ​ကေအန်ယူ အပါအဝင် တိုင်း​ရင်း​သား​ အဖွဲ့​အစည်း​တွေကို တဖွဲ့​ချင်း​ခွဲပြီး​ ​တွေ့​နေတာဟာ တိုင်း​ရင်း​သား​အား​လုံး​ ညီညွတ်​ရေး​နဲ့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ မရနိုင်ဘူး​လို့​ ပဒို​ဒေး​ဗစ်သက​ပေါက ​ပြောပါတယ်။
“အခုဟာက ထိုး​ခွဲ​နေတဲ့​ပုံစံမျိုး​ပဲ။ ကျ​နော်တို့​က​တော့​ ရပ်တည်ရမှာပဲ။ အပစ်အခတ်ရပ်စဲ​ရေး​က တပြည်လုံး​အတိုင်း​အတာ တိုင်း​ရင်း​သား​တွေအ​ပေါ် စစ်ပြု​နေတာ​တွေ အား​လုံး​ရပ်ပြီး​တော့​ အ​သေး​စိတ်​ဆွေး​နွေး​ရမယ်။ ​နောက်ပြီး​တော့​ အနှစ်သာရရှိရှိ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို ယူအန်အက်ဖ်စီနဲ့​ဆွေး​နွေး​…”
ယူအန်အက်ဖ်စီ ​ခေါ် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီအဖွဲ့​ကို ​ကေအန်ယူ၊​ ​ကေအန်ပီပီ (ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ)၊​ အက်စ်အက်စ်ပီပီ (ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ) နဲ့​ ​ကေအိုင်အို (ကချင်အမျိုး​သား​လွတ်​မြောက်​ရေး​အဖွဲ့​) စတဲ့​ တိုင်း​ရင်း​သား​အဖွဲ့​အစည်း​ ၁၂ ဖွဲ့​နဲ့​ ဖွဲ့​စည်း​ထား​တာပါ။
ကေအိုင်အိုကို အပြင်း​အထန် ထိုး​စစ်ဆင်​နေချိန်မှာ ကျန်အဖွဲ့​ဝင်​တွေကို မြန်မာအစိုး​ရက ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာလည်း​ ဖြစ်ပါတယ်။
ဝန်ကြီး​ဦး​ အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​ဟာ ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​နေတဲ့​ စ​နေ​နေ့​က ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (အက်စ်အက်စ်​အေ -အာစီအက်စ်အက်စ်)၊​ စီအန်အက်ဖ် (ချင်း​အမျိုး​သား​တပ်ဦး​) တို့​နဲ့​လည်း​ သီး​ခြား​စီ​တွေ့​ဆုံပြီး​ ​နေပြည်​တော်မှာ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်နိုင်​အောင် ပဏာမအဆင့်​ ညှိနှိုင်း​ဆွေး​နွေး​မှု​တွေ ပြုလုပ်​နေတာ ဖြစ်ပါတယ်။ 
@ by http://burmese.dvb.no/archives/18123

No comments:

Post a Comment