 မ နေ့က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အတွင်းရှိ ကေအိုင်အေ  (ကချင်လွတ်လပ်ရေးတပ်မတော်)ရဲ့ ရှေ့တန်း တပ်စခန်းကို တပ်မ ၈၈  လက်အောက်ခံ တပ်ဖွဲ့တွေက သိမ်းဆည်းလိုက်ပါတယ်။
မ နေ့က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အတွင်းရှိ ကေအိုင်အေ  (ကချင်လွတ်လပ်ရေးတပ်မတော်)ရဲ့ ရှေ့တန်း တပ်စခန်းကို တပ်မ ၈၈  လက်အောက်ခံ တပ်ဖွဲ့တွေက သိမ်းဆည်းလိုက်ပါတယ်။မိုး မောက်မြို့နယ်၊ ဖကွန်ရွာအနီးက ကေအိုင်အေ၊ တပ်ရင်း ၁၅ ရဲ့  ရှေ့တန်း တပ်စခန်းကို အခုလ ၉ ရက်နေ့တည်းက တပ်မ ၈၈  လက်အောက်ခံတပ်တွေက တိုက်ခိုက်နေခဲ့ရာ မနေ့က တနေကုန် တိုက်ပွဲဖြစ်ကာ  ညနေပိုင်းက အဲဒီကေအိုင်အေ စခန်းကို သိမ်းခဲ့ပြီး ဖကွန်ကျေးရွာထဲက  နေအိမ်အချို့ကို မီးရှို့ခဲ့တယ်လို့ အဲဒီမှာ တိုက်ပွဲဝင်နေတဲ့  ကေအိုင်အေ အရာရှိတဦးက ပြောပါတယ်။
“အဲဒီတပ်ကို  အစိုးရတပ်က ရောက်လာပြီး နေရာယူလိုက်ပါတယ်။ တပ်မ ၈၈ ဆိုတာပဲ သိတယ်ခင်ဗျ။  တာပိန်ရေအားလျှပ်စစ်နဲ့ နည်းနည်း အောက်ဘက် ကျပါတယ်။ တပ်မဟာ ၃၊  တပ်ရင်း ၁၅ ခွင်ပေါ့။ တပတ်လောက်ရှိပြီ ဒီနားမှာပဲ ပစ်ခတ်နေကြတာ။  ဖကွန်ရွာ အားလုံးတော့ မရှို့ဘူး။ ရှိတာတော့ အိမ်ခြေ ၃ဝ ကျော် ၄ဝ  လောက်မှာ ၄၊ ၅၊ ၆အိမ်လောက် ရှို့လိုက်တယ်။ ပစ်တာက ၉ နာရီ  ဝန်းကျင်လောက်မှာ စဖြစ်တာ။ ညနေ ၆ နာရီခွဲလောက်အထိ၊ တနေကုန်  နီးပါးလောက် နားလိုက် ပြန်ပစ်လိုက်၊ နားတယ်ဆိုတာ ၅ မိနစ်၊ ၃ မိနစ်  အဲလိုပေါ့။ ကျနော်တို့ဘက်ကတော့ လက်နက်ကြီးတော့ သိပ်မပစ်ဘူးပေါ့။  လက်နက်ငယ်ပဲ ပစ်တယ်။ သူတို့ဘက်က များသောအားဖြင့် လက်နက်ကြီး  ပစ်ပါတယ်။”
မီးရှို့တဲ့အထဲမှာ ကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ သင်းအုပ်ဆရာ နေအိမ်လည်း ပါတယ်လို့ သူကပြောပါတယ်။
အစိုးရတပ်  စစ်ကြောင်းတွေက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်သလို ဓာတုလက်နက်လို့  ယူဆရတဲ့ အမြောက်ဆန်တွေ ကျရောက်ပေါက်ကွဲလို့ မနေ့က ကေအိုင်အေ  ရဲဘော်အချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ အဲဒီတိုက်ပွဲဖြစ်ပွားရာ  ဒေသထဲ ရောက်ရှိနေတဲ့ သတင်းထောက်တဦးကလည်း အခုလို ပြောပါတယ်။
“ဖကွန်ရွာအ ရှေ့ဘက်မှာ နေရာယူထားတဲ့ဟာကို သူတို့က အတင်းဝင် ပစ်တော့  ဘယ်လိုပြောမလဲဆိုတော့ အင်အားက တော်တော်များတယ်။ ဟိုဘက်က အတင်းဝင်  ထိုးတော့ အခြေအနေ မကောင်းတော့ နောက်ဆုတ် ပေးလိုက်တဲ့  အနေအထားဗျ။ ဓာတုလက်နက်က သုံးလုံးပစ်ရင် တလုံး ညှပ်ညှပ်ပစ်တယ်။  သူ့သဘောက လူကိုမူးပြီး ထိုင်းသွားတာ။ နှာခေါင်းသွေး လျှံတာ၊  သွေးအန်တာ အဲလိုမျိုးရှိတယ်။”
ကေအိုင် အေတပ်ဖွဲ့နဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်တွေအကြား အဲဒီဒေသအတွင်း  ရက်သတ္တတပတ်ကျော်ကြာ တိုက်ခိုက်နေခဲ့ရာ ကေအိုင်အေဘက်က စုစုပေါင်း ၇  ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အစိုးရတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ  များခဲ့ကာ အမြှောက်တလက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်အချို့၊  စစ်သုံးမြေပုံတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ကေအိုင်အေဘက်က  ပြောပါတယ်။
လက်ရှိအစိုး ရသစ်က ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့တွေနဲ့ အပစ်ရပ်စဲရေး ဆွေးနွေးနေတယ်လို့ ပြောဆိုနေပေမယ့်  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာတော့  ကေအိုင်အေနဲ့ မြန်မာတပ်တွေအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာပါ။ 
 








 






















































































 
 Baht Exchange Rate
   Baht Exchange Rate

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !