ထိပ်ဆုံး သတင်း :
Home » » ကေအိုင်အို၏ ၀ါဒဖြန့်ချီရေး အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံနေရခြင်း

ကေအိုင်အို၏ ၀ါဒဖြန့်ချီရေး အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံနေရခြင်း

11/15/2011 07:14:00 AMတွင်ရေးသည်

 ကေအိုင်အို အဖွဲ့၏ ၀ါဒ ဖြန့်ချီရေး  အင်တာနက် စာမျက်နှာ http://www.kachinnews.com   အား မြန်မာပြည်တွင်းမှ ဖွင့်မရဖြစ်နေပါတယ်။  DDoS နည်းပညာဖြင့် တိုက်ခိုက်ခံနေရပုံ ရပြီး  ကေအိုင်အိုအဖွဲ့သည် ၄င်း အင်တာနက် စာမျက်နှာအား သတင်းမှားများ ကို ပုံကြီးချဲ့ ရေးသား ဖေါ်ပြလေ့ရှိသည့် သတင်းဌာနအဖြစ် သတ်မှတ်ခံထားရပါသည်။
လွန်ခဲ့သည့် လ ကလည်း  မြစ်ဆုံ စီမံကိန်းနေရာတွင် မြွေကြီး တစ်ကောင် တွေ့သော ကြောင့် ၄င်းစီမံကိန်းရပ်ဆိုင်းလိုက်သည်ဟု သတင်း ကို ဖေါ်ပြခဲ့သည့် အတွက် အင်တာနက်အသုံးပြု သူများ ရဲ့  ရှုတ်ချဝေဖန်မှုကို ခံခဲ့ရပါသည်။ အလားတူ သတင်းများ မကြာခဏ ဖော်ပြလေ့ ရှိသဖြင့် ပြည်တွင် သတင်းမီဒီယာ လောကတွင် ယုံကြည်မှုမရှိဆုံး သတင်း ဌာန အဖြစ် သတ်မှတ်ခံထားရပါသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Y62rzWcGUSxz49AJd6zVoAp6TGNdwXESpKwkna0rnorcnCqKyJcZo9QYgoAtO6C_ON27S0zCJObu65otFkFAqfKBunFTS2HOC9BPGXSU6uWvW31UDLL6BQBJux_WgsRzll1vo9vOoiwy/s1600/as.png
KIO သည်တရုတ်နိုင်ငံမှ  မြန်နှုန်းမြင့် အင်တာနက်လိုင်းများကို အသုံပြုပြီး မြန်မာ၊ အင်္ဂလိပ်၊ ကချင် ဘာသာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းမှားများလွင့်တင်ကာ ပြည်ပနိုင်ငံများရောက် ကချင်များ၏ အကူအညီဖြင့် Website များ၊ Blog များ၊ Facebook စာမျက်နှာများ မှတဆင့် မီဒီယာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံမှ မြန်နှုန်းမြင့် အင်တာနက်လိုင်းများ (China Imternet Connection) အသုံးပြုနေသည့် website အား ပြည်တွင်းမှ ဖွင့်မရဖြစ်နေခြင်း သည် DDoS Attack ကြောင့်ဟု အတိအကျပြောမရဘဲ website administrator များ၏ error ကြောင့်လည်း ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျငသူများက ယူဆလျက်ရှိပါတယ်။  Internet သတင်းများကို အမြဲမပြတ်ဖတ်ရှုသူများ၏ ထင်မြင်ယူဆချက်အရ KIA ခေါင်းဆောင်များသည် ၄င်းတို့၏ တပ်ဖွဲ့ဝင် လက်အောက်ငယ်သားများအား စိတ်ဓါတ်မကျအောင်နှင့် စိတ်ဓာတ်တတ်ကြွရန် သတင်းမှိုင်းများတိုက်ပြီး စည်းရုံးလှုပ်ရှားလျက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj76IFdi61EqJ6hlX2Y5Dw0lf-9LvVeatIPdocy32YjmnpgRs0UpuX9WMZ4pFQ9kQ73tlI3PnWxhy5WQ631cPpydlYQo7iuT2GwFmiJLTCWsbLtDmYWdHVHxeLxik3GAJ9xu_OKUH-n56lC/s320/saa.png
ယခုတိုက်ခိုက်မှုခံရသည့် http://www.kachinnews.com သည် လိုင်ဇာ၊ မိုင်ဂျာယန် မြို့များတွင် မီဒီယာအဖွဲ့များထားရှိပြီး ထိုင်နိုင်ငံ မဲဆောက်မြို့တွင် အခြေစိုက်၍  ၄င်းတို့အဖွဲ့၏ သတင်းများကို ဖြန့်ချီနေကြောင်း သိရသည်။

www.amayeainn.blogspot.com မှကူးယူဖော်ပြပါသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"