ထိပ်ဆုံး သတင်း :
Home » » နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ

နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ

11/04/2011 11:59:00 AMတွင်ရေးသည်

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
အမည်မဖေါ်လိုတဲ့ အရာရှိ တစ်ဦးကတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဖြစ်နိုင်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ နေပြည်တော် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကလည်း သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံတော် တည်ဆောက်ရေးမှာ အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ ယုံကြည်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ လွတ်လာမယ့်သူတွေထဲမှာ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဦးခွန်ထွန်းဦး စသူတွေ ပါဝင်ပြီး အခု လွှတ်ပေးမယ့် နိုင်ငံရေး အကျဉ်းသား စာရင်းကို သမ္မတ ဦးသိန်းစိန်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို တင်ပြခဲ့တယ်လို့လည်း သတင်းရပါတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် တပ်မတော်သားများ အပါအဝင် ပြည်သူပြည်သား အားလုံး အတွက် များစွာ အကျိုးရှိမှာ ဖြစ်ပါတယ်လို့ အန်အယ်လ်ဒီ ဒု-ဥက္ကဌ ဦးတင်ဦးက မှတ်ချက်ချပါတယ်။ အန်အယ်လ်ဒီက ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၇၀၀ လောက်ရှိပြီး မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းအရ ၆၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီကွာခြားချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ပြီးခဲ့တဲ့လက တွေ့ဆုံ ဆွေးနွေးရာမှာ ညှိနှိုင်းခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင် တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"