ထိပ်ဆုံး သတင်း :
Home » » မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး

11/16/2011 11:32:00 AMတွင်ရေးသည်

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ အကြား ကာကွယ်ရေး ကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်းတို့ တနင်္လာနေ့က ဟနွိုင်းမြို့တော်မှာ ဆွေးနွေး သဘောတူညီခဲ့ကြ ပါတယ်။
(Photo: AFP)
ထိပ်တန်း စစ်ဖက်အရာရှိကြီးများ ၂၀၁၀ မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်နေပုံ ဖြစ်ပါသည်။ (ဝဲ မှ ယာ) ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု သမ္မတ ဦးသိန်းစိန်)၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ယခု ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး) နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ယခု ကာကွယ်ရေး ဦးစီးချုပ်)။ (Photo: AFP)
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမှာ ဖြစ်ကြောင်း၊ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်တွေ အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခုကို လက်မှတ်ရေးထိုးဖို့ ရှိကြောင်း ဗီယက်နမ် ၀န်ကြီးချုပ်က ပြောပါတယ်။ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပထမဆုံး နိုင်ငံခြား ခရီးစဉ် အဖြစ် ဗီယက်နမ် နိုင်ငံကို အခုလို သွားရောက်တာဟာ အမေရိကန် ပြည်ထောင်စု အပြင် တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ အနီးကပ် ဆက်ဆံလိုကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ မြန်မာ့စစ်ရေး လေ့လာ သုံးသပ်သူ ဦးဌေးအောင်က ပြောပါတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အခု ဗီယက်နမ် ခရီးစဉ်ဟာ နှစ်နိုင်ငံ စစ်ရေးနဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း ဗီယက်နမ် ၀န်ကြီးချုပ်ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဘက် ကိုယ်စားလှယ်တွေ အပြန်အလှန် လည်ပတ်ရေး၊ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးမှု၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်မှု၊ ထောက်လှမ်းရေး သတင်း အချက်အလက် လဲလှယ်မှု၊ လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ တခြားအကျိုးတူ ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားဖို့ကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဒေါင်းတို့ သဘော တူညီခဲ့ကြတယ်လို့ သိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"