ထိပ်ဆုံး သတင်း :
Home » » ပြည်တွင်းစစ်၏ သားကောင်

ပြည်တွင်းစစ်၏ သားကောင်

11/25/2011 01:19:00 PMတွင်ရေးသည်


“ပြည်တွင်းစစ် အမြန်ဆုံး ရပ်ပေးပါ။ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ဖြစ်ထွန်းပါစေ၊ ပြည်တွင်း စစ်မီးကြောင့် ဖြစ်ပေါ်နေတဲ့ အောက်ခြေက ပြဿနာ တွေကို အတိုင်းသားမြင်နိုင်တဲ့ဖြစ်ရပ်”

သူရိယ သတင်းဂျာနယ်

စစ်တပ်ထဲမှာ စစ်သူတောင်းစား နှစ်မျိုး နှစ်စာရှိပြီး ခြေလက် အင်္ဂါ ချွတ်ယွင်းပြီး စစ်သူတောင်းစားက တမျိုး ခြေလက် အင်္ဂါ ပြည့်စုံရှိတဲ့ စစ်သူတောင်းစားကတမျိုး။

ခြေလက် အင်္ဂါပြည့်စုံပြီး အဲဒီ စစ်သူတောင်းစားက တရွာဝင် တရွာထွက် တအိမ်တက် တက်အိမ်ဆင်း ဈေးရောင်းနေတဲ့ဆိုင်တွေကိုတဆိုင်ဝင် တဆိုင်ထွက် အကောက်အခွန်တွေ ကို ကောက်ခံပြီး တောင်းရမ်း ရှာဖွေးစားသောက်တဲ့ စစ်သူတောင်းက အဲဒီအမျိုးအစားထဲမှာပါပြီး၊
ကျန်တဲ့ စစ်သူတောင်းစားတမျိုး က ရှေ့တန်း စစ်မျက်နှာရောက်တဲ့အရပ်မှာ လုယက်တိုက်ခိုက် ရှေ့တန်း မှာတွေ့တဲ့ စစ်သုံးမယားဆိုပြီး တိုင်းရင်းသားပြည်သူလူထု အိမ်ထောင်ရှိတဲ့ လင်ရှိမယားတွေကို အလွတ်မပေး၊ ပြီး မုဒိမ်းကျင့်တဲ့ သတ်ဖြတ် ရဟန်ရှင်းပြည်သူလူထုတွေကို သတ်ဖြတ်အနိုင်ကျင့်စော်ကား၊  အဲဒါကြောင့် ပြည်သူကျွေးသော ထမင်းနဲ့ဟင်းတွေကို ပြည်သူတွေကို နှိပ်စက်တဲ့ဒဏ်ကြောင့် ပြည်သူတွေက ဆုတောင်း ကျိမ်းဆဲလို့ ရှေ့တန်းထွက်ရင် နောက်စေ့ ကျည်ဆံ မှန်ရင်မှန် ဒါမှမဟုတ် မိုင်းတက်နင်းမိမှာသေချာပါတယ်။
ကိုယ်တိုင်က ဒီလိုဘ၀မျိုးဖြစ်ခဲ့လိမ့်မယ်လို့ မထင်မှတ်တဲ့အရာတွေ အခုလို စစ်သူတောင်စားဖြစ်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူ အခု လက်တွေ့ တောင်းရမ်းစားသောက်နေရတာ ကိုယ်တွေ့တခုပါပဲ ဒီလိုတောင်းစားရခြင်း၏ အကြောင်းရင်းက စစ်တပ်ပင်စင်လစာ ထောက်ပံ့မှုလျော့နည်းပြီး ခေတ်နဲ့အမှီ ကုန်ဈေးနှုန်းတက်လာတာကြောင့် တောင်းရမ်းစားသောက်ရတာ ကြပ်တည်းလာခဲ့ပါတယ်။
တချို့ကတော့ (ဖြတ်လေးဖြတ်) ဖြစ်နေတာကြောင့် စွန့်ကျဲကျပါတယ် တချို့ကလဲ ဒီကောင်တွေက ရှေ့တန်းထွက်ရင်(ဖက်ဆစ်ဂျပန်ရွာထဲဝင်လာသလို) တွေ့သမျှ ပြည်သူ့တိုင်းရင်းသား သမီးပျိုတွေကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ကောင်တွေကတော့ မိုင်းထိ ကျည်ဆံမှန်တာတွေများပါတယ်။

တချို့တပ်မတော်သားတွေက စစ်ရေးလေ့ကျင့်မှုအားနည်းပြီး အတွေ့အကြုံနည်းပါမှုတွေနဲ့ ကိုယ့်ကို ခြေလက် အင်္ဂါ ချွတ်ယွင်းအောင် လုပ်ကြံတဲ့တပ်မတော်သားတွေရှိပါတယ်။ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းသွားခဲ့ပါက စစ်တပ်မှ အနားယူပြီး ပင်စင်လစာကို ထုတ်ယူ တချို့က ပင်စင်အပြတ်ရောင်းစာခဲ့ပြီး ရတဲ့ပိုက်ဆံလေနဲ့ စီးပွားရေးတခုကို အခြေချလုပ်ကိုင်စားသောက်နေကြရပါတယ်။

ကျနော့် ကိုယ်တွေ့ကြုံခဲ့တဲ့အနေနဲ့ ပြောရရင် မြန်မာပြည်ပြီးမှာ (ဖြတ်လေးဖြတ်) အမြောက်အမြားတွေ့ရှိရပါတယ်။
၁၉၉၁ ခုနှစ်မှာ မာနယ်ပလောစစ်ဆင်းရေးကာလမှာ ရဟတ်ယာဉ်တွေဆိုရင် တနေ့ကို အကြိမ်း ၁၀၀ သယ်ဆောင်လာခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံးမှာ မာနယ်ပလောက ထိခိုက်ဒဏ်ရာရလာတဲ့ တပ်မတော်သားတွေပာာ မင်္ဂလာဒုံခွဲစိတ်အခန်းမှာ ခြေ လက် ဖြတ်တောက်ဖို့ပစ္စည်းကိရိယာမစုံမလင် တဲ့ခွဲစိတ်ခန်းပာာ လွှ ဓား ညှပ်တွေ ငရဲသားတွေကို ငရဲမင်းကြီးတွေက စီစစ်ခွဲစိတ်ကုသနေတဲ့ပုံတွေကို ကြည့်ပြီး တချို့တပ်မတော်သားတွေဆိုရင် ညီညူးအသံတွေ သွေးအိုင်တွေမှာ လူ့လိမ့်နေတာတွေ ကြည့်ချင်အားဖြင့် လောကငရဲဆိုတာ လက်တွေ့ခံစားနေရပြီးဆိုတာ တကယ်သင်ခန်းစာ ရခဲ့ပါတယ်။
ရေကန်တွေဆိုရင် သွေးအနှံ့အသက် မခံနိုင်လောက်အောင် နှံစော်နေတာတွေ့ရပါတယ်။
အဆောင် ၁-၂-၃-၄-၅- အကုန်လုံးပာာ (ဖြတ်လေးဖြတ်) ဖြတ်ထားတဲ့အဆောင်တွေဖြစ်ပါတယ် ဒီလို (ဖြတ်လေးဖြတ်) ဖြစ်သွားခဲ့လို့တော့ လာရောက်ကြည်ရှု့မယ့်သူ တစ်ယောက်မရှိတော့ပါဘူး။

ဒီလိုဖြစ်သွားတဲ့အကြပ်တပ်သားတွေကတော့ နအဖစစ်ဗိုလ်ချူပ်မှူးကြီးတွေက မင်းတို့ကို နိုင်ငံတော်မှ တာဝန်ထမ်းဆောင်ကျေပွန်တဲ့အတွက် တပ်မတော်ကနေ မင်းတို့ရဲ့ စွန့်လွှတ်နစ်နာဆုံးရှုံးတဲ့အတွက် စစ်တပ်ကနေအနားယူပြီး မင်းတို့ရဲ့ နစ်နာဆုံးရှုံးမှုမဖြစ်ရအောင် ဆေးသက်ပင်စင်လစာတွေကို ထုတ်ပေးလိုက်ပါမယ် ပြောဆိုလိုက်ပါတယ်။
ဆိုလိုချင်က အဓိပ္ပါယ်က မင်းတို့ကို စစ်တပ်နဲ့ မသက်ဆိုင်တော့ကြောင်း တန်ရာတန်ကျေ နစ်နာကြေး လျော်ကြေးပေးချေပြီးဖြစ်တဲ့အတွက် စစ်တပ်နဲ့လာမပတ်သက်လို့ ဆိုတာဖြစ်ပါတယ်။

အဲဒီချိန်ကျရင်တော့ (ဖြတ်လေးဖြတ်)ဖြစ်သွားတဲ့စစ်သူတောင်းစားတွေပာာ ခြေမကိုင်မိ လက်မကိုင် မိဖြစ်ကုန်တော့တာဘဲ မိဘဆီးပြန်သွားရင်လဲ ရှက်စရာ သူငယ်ချင်းတွေ့ရင်ရှက်စရာ။
ချစ်သူရှိတဲ့ လူတွေဆိုရင်တော့ ဒီစစ်သူတောင်းစားကိုယူရင်တော့ ငါ့မှာ တောင်းစားတဲ့ဘ၀ရောက်သွား
လိမ့်မယ် အားလုံးရဲ့လစ်လျူရှု့စွန့်လွှတ်ခံလိုက်ရပြီး နေစရာမရှိ စားစရာရှိတဲ့အဖြစ်တို့ ခွက်ဆွဲတောင်းစာဖို့တာ နည်းလမ်းရှားဖွေရတော့တာပါပဲ။
နအဖစစ်ထဲသွားရင်တော့ ဒီလို စစ်သူတောင်းစား ခွက်တလုံးနဲ့ လမ်းပေါ်မှာ ဇာတ်သိမ်းသွားလိမ့်မယ်။
post by  Guiding Stars
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"