မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ် က ပြန်လည်လွတ်မြောက်လာပြီး တနှစ်တာ ကာလအတွင်း ဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွှေဂုံတိုင် ရုံးချုပ်မှာ တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တနှစ်တာ ကာလမှာ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ရလဒ်အနေနဲ့ အပြောင်းအလဲတွေ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ မရှိကြောင်း ဒေါ်စုပြော
နိုင်ငံရေးကျဉ်းသားတချို့ လွတ်မြောက်လာတာတွေ ရှိကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသား အကုန်လုံး လွတ်မြောက်ရေးဟာ NLD နဲ့ ဒီမိုကရေစီလိုလားသူ အားလုံးရဲ့ ရည်မှန်း ချက် ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ မရှိကြောင်းကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း ပါဝင် ကူညီဖို့ အဆင်သင့် ရှိနေတယ် ဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားသွားပါတယ်။
သူဦးဆောင်တဲ့ NLD အနေနဲ့ ပါတီမှတ်ပုံတင်၊ မတင်ကိစ္စကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် အခုသတင်းစာ ရှင်းလင်းပွဲမှာ မမေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် မေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ တနဂင်္နွေနေ့က သမ္မတထံ မေတ္တာရပ်ခံခဲ့တာကြောင့်၊ တနင်္လာနေ့ (သို့မဟုတ်) သိပ်မကြာခင် မှာ နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်လာလိမ့်မယ်လို့ အများက မျှော်လင့်ခဲ့ကြပေမယ့်၊ အခုအချိန်အထိတော့ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !