ထိပ်ဆုံး သတင်း :
Home » » Kamar Pale – ငြိမ်းချမ်းရေးသို့ … အလည်ရောက်ရှိခြင်း (၁)၊ ဒဂုန်တာရာ (သို့) ပန်းနုရောင်အိုနှင့် တွေ့ဆုံခြင်း

Kamar Pale – ငြိမ်းချမ်းရေးသို့ … အလည်ရောက်ရှိခြင်း (၁)၊ ဒဂုန်တာရာ (သို့) ပန်းနုရောင်အိုနှင့် တွေ့ဆုံခြင်း

11/13/2011 12:36:00 AMတွင်ရေးသည်

နိုဝင်ဘာ ၁၂၊ ၂၀၁၁
၈၈၈၈ အရေးတော်ပုံကြီး၏နောက်ပိုင်းကာလ ၁၉၉၃-၉၄ ၀န်းကျင်လောက်ဆီက ဖစ်သည်။ သူ့ကိုယ်သူ မဲဇာသို့ပို့ထားသော ဆရာဒဂုန် တာရာနေထိုင်ရာ မှော်ဘီကျေးလက်နေအိမ်သို့ အမှတ်မထင်ရောက်ရှိသွားမိခဲ့သည်။ ရင်းနှီးနေသည့် စာရေးဆရာတဦးက ဆရာနှင့် သွား ရောက်တွေ့ဆုံရန် ဒညင်းကုန်း မှော်ဘီလိုင်းကားပေါ်အထိလိုက်ပို့သဖြင့် ဆရာ့ဆီရောက်ဖြစ်သွားခြင်းဖြစ်သည်။ စိတ်ထဲတွင် မ၀ံ့မရဲ။ မိတ် ဆွေ စာရေးဆရာ၏ “ဆရာက လူငယ်တွေအသံကို နားထောင်ချင်နေတာဗျ” ဆိုသောတိုက်တွန်းစကားသည် ဆရာ့ဆီကိုသွားဖြစ်ဖို့ တွန်း အားတခုဖြစ်ခဲ့သည်။
သူ့စာတွေနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ လူချင်း တခါဘူးမျှ မဆုံတွေ့ဘူး။ မကျွမ်းဝင်ခဲ့ဘူးသဖြင့် စိတ်ထဲက ဖြစ်မှဖြစ်ပါ့မလားဟု ရင်ထဲ တထိတ်ထိတ်။ မှော်ဘီဘော်လုံးစက်ရုံရှေ့ရောက်တော့ ကားပေါ်မှဆင်းပြီး လမ်းလျှောက်လာခဲ့သည်။ စက်ရုံဘေးက မြေနီလမ်းကလေးရဲ့ သယ်ဆောင်ရာအတိုင်း လယ်ကွင်းအစပ်ရှိ စက်ရုံလုပ်သားများနေထိုင်ရာ အိမ်စုကလေးဆီသို့ …။
လမ်းတွင် ထိုအိမ်စုကလေးဘက်မှထွက်လာသော ပါဝါမျက်မှန်တပ်ထားသည့်အမျိုးသမီးတဦးကို တွေ့ရသည်။ ခြင်းတောင်းကလေးကို ဆွဲ ကာ အပေါ်ဖြူ အောက်အပြာရောင်ဝတ်စုံနှင့်။ ဆရာ၏တူမဖြစ်သူ စာရေးဆရာမ ဒေါ်သင်းမြစန္ဒီများလားဟု စိတ်ထဲတွေးထင်လိုက်မိသည်။ ထင်သည့်အတိုင်းပင် အနားရောက်တော့ “ဦးလေးဆီလာတာလား။ အိမ်မှာရှိတယ်” ဟု ပြောသည်။ ကျနော်တို့ကလည်း ဟုတ်ကဲ့ဟု ဖြေ လိုက်သည်။ ဆရာမသည် သူအလုပ်ဆင်းရာ မှော်ဘီဘော်လုံးစက်ရုံ ဆေးဌာနသို့ဆက်လက်ထွက်ခွာသွားသည်။
ဆရာ ဒဂုန်တာရာ၏မဲဇာနေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။ တထပ်တိုက်ပုလုံးချင်းအိမ်ကလေးဖြစ်သည်။ ဆရာက အိမ်သို့ဝင်ဝင်ခြင်း ဘယ်ဘက်အခန်းမှ ထွက်လာကြိုသည်။ ဧည့်ခန်းရှိ လမ်းမဘက်လှည့်ချိတ်ထားသော ဆရာ၏မဲနယ်တောင် ပန်းချီကား ကိုကြည့်ကာ ဆရာ့ကို အိမ်ရှေ့မှရပ်၍ အသံပြုလိုက်ခြင်းဖြစ်သည်။
“ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်းက သူနှင့် ကျနော် ရှမ်းပြည်သို့ မန္တလေးမှဖြတ်၍သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ်သင်္ဘောဖြင့်ဆန်တက်လျက်ရှိရာ …” (ကိုဘဟိန်း … သို့မ ဟုတ် … ကဗျာ)
“ဘယ်ကလာကြတာလဲ”
စေလွှတ်လိုက်သော စာရေးဆရာ၏အမည်ကို ပြောပြလိုက်သည်။ မိမိတို့ နေရပ်ဇာတိကိုပြောပြလိုက်သောအခါ ဆရာက “သြော် … ကို… တို့မြို့ကကိုး။ သူနဲ့တော့ အတော်ရင်းနှီးတယ်။ သိတယ်”
စကားဝိုင်းတွင် ကျနော်တို့က ဆရာ့ကိုမေးသည်ထက် ဆရာ၏အမေးများကို ကြိုးစားပြီးဖြေနေရသည်။ သူ့စာတွေအပေါ် အမြင်၊ ခံစားမှု။ ယနေ့ ခေတ်ပေါ်ကဗျာကိစ္စ။ အနယ်နယ်အရပ်ရပ်မှ လူထု၏အခြေအနေ။ ကျနော်တို့မှာ မနည်းကြိုးစားဖြေနေရသည်။ ဇောချွေးများ ပြန် ကာ မမှားအောင်၊ မဖြီးမိအောင် အတော်ကြိုးစားဖြေရသည်။ ဖြေရင်း၊ ပြောရင်းက သိတာကိုသိသည်။ ခံစားရသည်ကို ခံစားရသည့်အတိုင်း ပြောသည်။ နားမလည်တာ၊ မသိတာ၊ မိမိတို့ မမီတာကို မမီသည့်အတိုင်း ၀န်ခံပြောသည်။
ထိုအခါ စကားဝိုင်းသည် သက်ဝင်လာတော့သည်။ စိတ်ထဲတွင် လွတ်လပ်ရဲတင်းလာမိသည်။ ဆရာနှင့် ရင်းနှီးကျွမ်းဝင်လာသလို ခံစား ရသည်။ တကယ်လည်း ရင်းနှီးကျွမ်းဝင်လာခဲ့ပါသည်။ ဆရာက “နိုင်ငံရေးလုပ်ရာမှာ ညီညွတ်ရေးက အရေးကြီးတယ်ဗျ။ ကျနော်ပြောတဲ့ ညီညွတ်ရေးက ကိုယ့်ဘက်ကညီညွတ်ရေးကိုပြောတာ”
ပြိုကွဲသွားသော ဆိုဗီယက်ရုရှအပေါ် ဆရာ့အမြင်ကိုမေးမိသည်။ ဒိုင်ယာလက်တစ်ကယ် မယ်တီရီယာယ်လစ်ဇင်းကိုအခြေခံခဲ့သော ဆိုဗီ ယက် ရုရှ ဘာကြောင့်ပြိုကွဲခဲ့ပါသလဲဟု မေးခြင်းဖြစ်သည်။ ဆရာ့အဖြေက တိုတိုကလေးပင်ဖြစ်သည်။
“ဒိုင်ယာလက်တစ် မဖြစ်တော့လို့ပေါ့ဗျာ”
ကျနော်နှင့် ကျနော့်သူငယ်ချင်းမှာ မေးခွန်းများများမရှိ။ မမေးတတ်။ မမေးနိုင် ဖြစ်နေသည်။ ဒါကို ဆရာကသိပုံရသည်။ ကျနော်တို့အတွက် စကားကြောင်း မေးခွန်းများကို သူက မေးပေးပါသည်။ ခု ကျနော်တို့ နေထိုင်ရာနယ်မြို့ကလေးမှ လူထုအခြေအနေကိုမေးသည်။ ကျနော် တို့က ၂၆ မိုင်ခန့်ဝေးသော ကျနော်တို့မြို့နှင့် အခြားတမြို့ကို လယ်ကွင်း၊ မြစ်၊ ချောင်းများဖြတ်၍ ကားလမ်းဖောက်နေကြောင်း။ လူထုကို အဓမ္မလုပ်အားပေးခိုင်းစေနေကြောင်း၊ လမ်းမှာ တာဖို့လမ်းမကြီးဖြစ်ပြီး လယ်ကွက်အများအပြား ပျက်စီးနေကြောင်း၊ ဆောင်းနှင့် နွေဦး ရာသီဖြစ်၍ လုပ်အားပေးလူထုခမျာ ရေငတ်၊ ၀မ်းပျက်ရောဂါဖြင့် သေဆုံးလျက်ရှိကြောင်းပြောပြသည်။ ဆရာက သူ့ဟန်အတိုင်း လက် သည်းကိုက်ကာ နားထောင်နေသည်။
“လုပ်အားပေးနေသူတွေကို စစ်သားအချို့နဲ့ ရဲက သေနတ်တွေကိုင်ပြီး စောင့်ကြပ်တယ် ဆရာ။ လူထုက မကျေနပ်ပေမဲ့ ဘာမျှ ခံမပြောရဲ၊ ခံမလုပ်ရဲဘူးဆရာ”
“မဟုတ်သေးဘူး။ ပြန်မလုပ်ရဲဘူးလို့ ပြောလို့မရဘူး။ သိပ်ပြီး သီးမခံနိုင်လွန်းရင် ….”
စကားဝိုင်းက တိတ်သွားသည်။ ကျနော့်အတွေးထဲ ဆရာ၏ရုပ်ပုံလွှာ အဖွဲ့အနွဲ့များဆီ ရောက်သွားသည်။ ဗန်းမော်တင်အောင် (သို့မဟုတ်) နရသိမ်ထောင်မှ အကျဉ်းသား …..
“ပြန်ချေဦးမယ်ဗျာ။ သစ်ကိစ္စတခုကစာရလို့ ပေါက်ခေါင်းဘက်ဆင်းရဦးမယ်။ နောက်လာဦးမှာပဲ။ ကိုသိန်းဖေနဲ့လည်း တွေ့တယ်ဗျို့။ အဲဒါ တွေ ပြည်ထောင်ထဲဝေဖို့ ယူလာခဲ့တယ်”
ကွန်မြူနစ်ပါတီ တောခိုသည့်ရက်က လက်နက်ကိုင်တော်လှန်ရေးမှားကြောင်း ရေးထားသော ကိုသိန်းဖေ၏စာတမ်းဖြစ်သည်။ ကျနော်က ထိုစာတမ်းအား ဝေဖန်ရှင်းလင်းပြသည်။ ကိုတင်အောင်သည် ကျနော်၏ဝေဖန်ချက်ကို စဉ်းစားနေသည်။ (ရုပ်ပုံလွှာ၊ ဒဂုန်တာရာ၊ ၁၉၅၅ ခုနှစ်ထုတ်ဝေ)
ဆရာက သူ့ကိုယ်သူ ဘာ့ကြောင့်ပန်းနုရောင်ဟု တင်စားသည်ကို နားလည်သလိုလိုခံစားလာရသည်။ ဆရာသည် ကိုဘဟိန်းနှင့်အတူ ဧရာဝတီမြစ်ရိုးတလျှောက် မန္တလေးအထိ မင်းလတ်နှင့်ဆန်တက်ခဲ့သည်။ မန္တလေးမှတဆင့် ရှမ်းပြည်သို့ဆက်တက်သည်။ ထိုမှတဆင့် …။ ခရီးပန်းတိုင်သို့ မရောက်ခဲ့။ ထောက်လှမ်းရေးကတားဆီးပြီး လာလမ်းအတိုင်းပြန်ရန် ကားပေါ်ပြန်တင်ပေးလိုက်သည်။ ကိုဘဟိန်းနှင့် ဆရာ၏ ထိုခရီးကား ဗမာပြည်လွတ်မြောက်ရေးအတွက်၊ တော်လှန်ရေး ဟာမိတ်ရှာဖွေရန်ခရီးပင် ဖြစ်သည်။
၁၉၆၃ ခုနှစ်တွင် ဗိုလ်နေ၀င်းက ပြည်တွင်း ငြိမ်းချမ်းရေးခေါ်သည်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ သခင်စိုး၊ မန်းဘဇန် စသည့် ခေါင်းဆောင်ကြီးများ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားပြုရောက်ရှိလာခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ မှ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ (အဆိုတော် ဟေမာနေ၀င်း၏ အဖိုး) တို့ အဖွဲ့ ရောက်ရှိလာသည်။ ဒဂုန်တာရာ သည် ရဲဘော်ဌေး၊ ဗိုလ်ဇေယျတို့နှင့် အတူ ငြိမ်းချမ်းရေး၏ဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ တောထဲမှ ဥက္ကဋ္ဌ၏ လက်ဆောင် ပျားရည် နှင့် ဒေါင်းတကောင် (နှစ်ကောင်ဖြစ်သည်။ တကောင်မှာ လမ်းခရီးတွင် သေဆုံးသွားသည်ဟု သိရသည်) ကို ပေးအပ်ကာ ဆရာကြီး၏ ငြိမ်းချမ်းရေး အဆုံးအမကို ခံယူခဲ့ကြသည်။

ဗိုလ်နေ၀င်း၏ဇာတိရုပ်ကား ပေါ်လေပြီ။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တဘက်သတ်ရပ်စဲလိုက်သည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလည်များ တောထဲသို့ပြန်သွားရသည်။ နောက်ကနေ ဓါတ်ပုံလိုက်ရိုက်ကာ “ပြည်သူကို သူတို့ကျောခိုင်း သွားကြလေပြီ” ဟု စာလုံးမည်းခေါင်းစဉ်ကြီးဖြင့် သတင်းစာ၊ ဂျာနယ်တို့တွင် ဗြောင်လိမ်ကာ နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်။ ရက်များမကြာမီ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားခဲ့သူ ကိုဌေးမြိုင် (ခေါ်) ဆရာဒဂုန်တာရာ ဖမ်းဆီးထိန်းသိမ်းခံရသည်။ သူ့စာထဲက ဆိတ်ဖ လူးရနံ့ သင်းပျံ့မွှေးလှိုင်နေသော အရပ်၊ အင်းစိန်အကျဉ်းထောင်၊ အကျဉ်းတိုက်သို့ ….။
“နေဦး ကျနော် ခင်ဗျားတို့ကို လ္ဘက်ရည်ကြမ်း ကျိုတိုက်မယ်”
“ဟာ နေပါစေဆရာ။ မလုပ်ပါနဲ့”
ဆရာ့ မျက်လုံးသည် လုံးဝကွယ်လုနီးပါးအခြေအနေဟု သိရသည်။ ကွယ်လွန်သူ ဆရာမြသန်းတင့်သည် မကွယ်လွန်မီ မျက်လုံးကို ခွဲစိတ် ကုသခဲ့ရာ ကောင်းသွားခဲ့သည်။ ဆရာ့ကိုလည်း သူ့မိတ်ဆွေရဲဘော်များက မျက်လုံးကိုခွဲစိတ်ကုသဖို့ တိုက်တွန်းကြသည်။ ဆရာက ငြင်း သည်။ မခွဲစိတ်၊ မကုသဘဲနေခဲ့သည်။
“ရပါတယ်ဗျ။ ကျနော် ခင်ဗျားတို့ကို လ္ဘက်ရည်ကြမ်း ကျိုတိုက်ရမှာပေါ့”
ဆရာသည် ဧည့်ခန်းနံရံကိုစမ်းကာ၊ စမ်းကာဖြင့် မီးဖိုရှိရာသွားနေသည်။
“ရေနွေးက လျှပ်စစ်ဂေါက်နဲ့တည်ရမှာဗျ။ ခဏလေးပါဗျာ”
ထိုစဉ် သုံးနှစ်၊ လေးနှစ် အရွယ်ခန့် ကလေးမငယ်တဦး အပြေးအလွှားအိမ်ထဲဝင်လာသည်။ တဘက်ခြံတွင် သွားရောက် ဆော့ကစားနေပုံရ သည်။ ချွေးတွေ သံတွေနှင့် အမောတကော။ သူမက
“သြော် … ဧည့်သည်တွေ ရောက်နေတာကိုး” ဟု ပြောပြောဆိုဆို ပြန်လည်ပြေးထွက်သွားခဲ့သည်။ သူမသည် ဆရာမ သင်းမြစန္ဒီ၏ သမီး လေး၊ ဆရာဒဂုန်တာရာ၏မြေးဖြစ်သူ တာရာဒေ၀ီကလေးပင် ဖြစ်သည်။
+ ဆရာ ဒဂုန်တာရာသည် ပြည်တွင်းငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားခဲ့မှုကြောင့် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အင်းစိန်အကျဉ်း ထောင်၊ အကျဉ်းတိုက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၇ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"