ထိပ်ဆုံး သတင်း :
Home » » “KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ် ဟု ဦးကျော်ဆန်း ပြော”

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ် ဟု ဦးကျော်ဆန်း ပြော”

11/18/2011 12:30:00 PMတွင်ရေးသည်

Wall Street Journal  အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က  နေပြည်တော်တွင် ၀န်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက  အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်း ချမှတ် နိုင်ခြင်းသည် ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnq_uzP62CeetK5s1halMRtHBwzstaffORJkQjouPfhzqcY19KZW8dfWBaV-816fqo4ANu-3GulgF93kfQrZ6LeB4tEB8AyHtKxj3mb5pGx3NpENNYINxTvcK6TQnB_gLgBzQS-eD8Ghf5/s1600/KIA-soldier.jpg
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍လည်း မြန်မာအစိုးရ အဖွဲ့၏ ပြောရေး ဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ၀န်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။.

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGp8ly32RcMcOTm3WYnt9p4B67bBUfvsOy4slBcZjMgkgCNxufmsNRhXkLBVMTYILNVZ0F71smgYLxLBqeV2plwJJRx9csSB-2FaplaHYjBBlrYCc1qHkVuXDZJE5UxM1AptcdzJB_OK0p/s1600/kyaw-san.jpg
ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) သည် တံတားများ ဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာ ဖြစ်ကြောင်း  ဦးကျော်ဆန်းက ပြောသည်။

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ် အသတ် ချေမှုန်း ပစ်နိုင် ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက် ပါဘူး” ဟု ဆိုသည်။
@ http://kachinboy.blogspot.com/
ဆက်လက် မျှဝေရန်... :

2 comments:

  1. ဦးကျော်ဆန်းကိုယ်တိုင်သေနတ်ကိုင်ပြီးကိုယ်အသက်ကိုယ်ကာကွယ်နေရတဲ့အချိန်ရောက်မှအ မှန်တကယ်စစ်တိုက်နေရပြီးလိုပြောမှာဖြစ်တယ်။KIA ကသာညစ်ပတ်ချင်ရင် သမ္မအပါအ၀င် အစိုးရ၊စစ်ဖက် လူကြီးတွေအား လုံးလုပ်ကြံခံရဒါကြာပြီး။

    ReplyDelete
  2. အဲ့လောက်လွယ်လို့ကတော့ကွာ ။

    ReplyDelete

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"