ထိပ်ဆုံး သတင်း :
Home » » KIAရဲ့ ကချင်လူထုနဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်များသို့နှိုးဆော်စာ

KIAရဲ့ ကချင်လူထုနဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်များသို့နှိုးဆော်စာ

11/05/2011 10:16:00 PMတွင်ရေးသည်

ကချင်လွတ်မြောက်ရေးအဖွဲ့
မိုးညှင်းခရိုင်ကော်မတီ
အနောက်ပိုင်းတိုင်း

နှိုးဆော်လိုက်ခြင်း
စာအမှတ်၊ ၃၇/G-၁/မညနက-၂၀၁၁။
နေ့စွဲ၊ ၂၀၁၁ ခုနှစ်၊ အောက် ၂၀ ရက်
၁။         ကချင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များအားလုံးထံသို့ နှိုးဆော်လိုက်ရပါသည်။

ထင်မြင်ယူဆချက်
၁။         ယနေ့နိုင်ငံတော်အစိုးရသည် လူနည်းစုတိုင်းရင်းသားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား လူမျိုးနွယ်စု ပျက်သုန်းရန်နှင့် ကုတ်သွေးစုတ်သွေးခွဲအုပ်ချုပ်ရန်ကြံစည်၍ စစ်ဆင်နွှဲနေသည်ဟုယူဆရပါသည်။
၂။         မိမိကေအိုင်အေနှင့် နိုင်ငံတော်အစိုးရသည် ၁၉၆၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်တိုင် နိုင်ငံရေးအရဆွေးနွေးရန် အကြိမ်ကြိမ်တွေ့ဆုံခဲ့သော်လည်း အကျိုးအမြတ်တစ်စုံတစ်ရာမရရှိခဲ့ပါ။
            အနှစ်(၃၀)ကျော်တိုင် ကေအိုင်အို ဗဟိုကော်မတီသည် စိတ်ရှည်သည်းခံစွာဆွေးနွေးခဲ့သော်လည်း မိမိတို့ လိုလားသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် တိုက်တွန်းခဲ့ခြင်းသည် ကျွန်ဘ၀သို့ပို့ဆောင်၍ အမျိုးတုံးအောင်လုပ် ဆောင်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။
၃။         နိုင်ငံတော်အစိုးရ၏ ပါတီစုံဒီမိုကရေစီလမ်းစဉ်ဖော်ရန် ဖိတ်ခေါ်ခဲ့ခြင်းကြောင့် ကေအိုင်အိုကော်မတီဝင် ဒေါက်တာ တူးဂျာ နှင့်အဖွဲ့သည် ကေအိုင်အိုတပ်ဖွဲ့မှ နုတ်ထွက်ကာ ကချင်ပြည်နယ်တိုးတက်ရေးပါတီထူထောင်ရန် နေပြည်တော်ပါတီ စစ်ဆင်ရေးကော်မတီသို့ လျှောက်ခဲ့ပါသော်လည်း ပယ်ဖျက်ခြင်းခံခဲ့ရပါသည်။
၎။         မိမိတို့ ကေအိုင်အိုသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် စိတ်အားထက်သန်လိုလား သော်လည်း နိုင်ငံတော်စစ်အစိုးရသည် နိုင်ငံသူ/သားများနှင့် လူမျိုးစုများအပေါ် မရိုးမသား နိုင်ထက်စီးနင်းအမြတ်ထုတ် အုပ်ချုပ်လိုကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကေအိုင်အေနှင့် အထူးစစ်ဆင်နွှဲခဲ့သည်။

ဤထိုးစစ်တွင် နိုင်ငံတော်၏ တပ်မတော်သားစစ်ကြောင်းတပ်ဖွဲ့ဝင်များသည် မြို့ပြနှင့် ကျေးလတ်နေပြည်သူများအား ဆင်းရဲဒုက္ခရောက်အောင်-
            -  လူနေအိမ်များအား မီးလျှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း။
            -  အပြင်ဓမ္မဆရာများနှင့် ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း။
            -  မိသားစုဝင်များအား ဖမ်းဆီး၍ ဖခင်အားချုပ်နှောင်ထားပြီး ရှေ့မှောက်တွင် မိခင်နှင့် သမီးဖြစ်သူအား   အဓမ္မပြုကျင့်၍ သတ်ဖြတ်လိုက်ခြင်း။
            -  အမျိုးသမီးများအား ဖမ်းဆီး၍ တပ်ဖွဲ့လိုက် အဓမ္မပြုကျင့်ခြင်း။
            -  မြို့ရွာများတွင် အဓမ္မ အထမ်းသမားဖမ်းဆီးခြင်းနှင့် ၀န်မထမ်းနိုင်သူအား နှိပ်စက်၊ ပစ်ခတ်၊ရိုက်သတ်ခြင်းများ ပြုလုပ်နေသည်မှာ အားလုံးသိကြပြီးဖြစ်သည်။
            ထို့ကြောင့် ကချင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့် ကေအိုင်အိုတပ်ဖွဲ့ဝင်များအားလုံးလက်တွဲညီ၍ အရှေ့သို့ချီ၍ တိုက်ထုတ်တွန်းလှန်အောင်ပွဲခံရန် ကေအိုင်အိုမှ ပြည်သူဆီသို့ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

     ဇော်တူး/ မွန်းပန်-ခရိုင်ကော်မတီ
     မိတ္တူ      -မိုးညှင်းခရိုင်
     ရုံးလက်ခံ  


“ကေအိုင်အေ က အခုလိုကချင်လူထုကို နှိုးဆော်စာတွေနဲ့နှိုးဆော်ထားပေမဲ့ KIA ရဲ့ လက်တွေ့မြေပြင်လုပ်ရပ်တွေကတော့”


ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"