ထိပ်ဆုံး သတင်း :
Home » » ကျေးရွာများအနီး KIA၏ မိုင်းများအစိုးရတပ်ဖွဲ့များက သိမ်းဆည်းရမိ

ကျေးရွာများအနီး KIA၏ မိုင်းများအစိုးရတပ်ဖွဲ့များက သိမ်းဆည်းရမိ

11/05/2011 10:15:00 PMတွင်ရေးသည်

လိုင်ဇာ နိုဝင်ဘာ ၎
နိုဝင်ဘာလ(၂)ရက်နေ့ကအစိုးရတပ်ကတပ်ဖွဲ့တစ်ဖွဲ့ဟာဝိုင်းမော်နဲ့လိုင်ဇာသွားတဲ့ကားလမ်းတစ်လျှောက်သွားလာ နေစဉ်မှာရွာသားတစ်ဦးရဲ့ပြောပြချက်အရဆမားလမ်းခွဲနားမရောက်ခင်မှာကားလမ်းရဲ့ဘေးဘယ်ညာမှာထောင်ထား တဲ့မိုင်း(၅)လုံးတွေ့ရှိပြီးရီမုနဲ့ဖောက်ခွဲရတဲ့မိုင်းတွေဖြစ်နေလို့အလွန်အန္တရာယ်များတဲ့အတွက်စစ်တပ်ကပစ်ခတ်ဖောက် ခွဲဖျက်ဆီးလိုက်ပါတယ်။ဆမားရွာကရွာသားတွေပြောတာကတော့“အဲဒီမိုင်းတွေဟာကချင်လက်နက်ကိုင်တပ်တွေ ကအစိုးရတပ်တွေလာမှာကိုသိလို့ကချင်ပြည်သူ့တပ်ဖွဲ့ဝင်တွေကိုထောင်ခိုင်းထားခဲ့တာပါ။KIAတပ်တွေကသူ တို့စခန်းနားမှာတင်မကဘဲရွာအနီးနားနဲ့ကားလမ်းဘေး၊ဘယ်ညာမှာမိုင်းတွေအများကြီးထောင်ထားလို့ရွာ သားတွေခဏခဏမိုင်းထိနေရတယ်လို့”လို့ပြောပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ_Qjlv7iadVlrUqW0x51yZxzfsxrBhiCp5_vHjGWF8ZeMZW36BzmHenwW5W40ha4cM-sy9WEXLTFFG7MlHJNLSI627_dFz_HMph87vSp8vTrX0b2Kpdy0-hech4TtAMSkt2CQXf7uI6F-/s1600/Samqa.jpg
အဲဒီနေ့ကဆမားလမ်းခွဲရောက်ခါနီးလေးမှာစစ်တပ်နဲ့KIAတပ်တွေတိုက်ပွဲဖြစ်ကြပါတယ်။အဲဒီတိုက်ပွဲမှာKIA ကတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပါတယ်။အဲဒီမှာKIAအဖွဲ့ကကျန်ခဲ့တဲ့အစိတ်(၆၀)တိုက်မိုင်း(၁၆)လုံးနဲ့သေနတ်တစ် လက်ကျန်ခဲ့လို့စစ်တပ်ကသိမ်းယူသွားတယ်လို့မျက်မြင်တွေ့လိုက်တဲ့ဆမားရွာသားတစ်ဦးကပြောပြပါတယ်။KIA တပ်ဖွဲ့တွေအနေနဲ့စစ်တပ်လာနိုင်တဲ့နေရာတွေမှာမိုင်းထောင်ပါတယ်။မိုင်းကွဲသံကြားတာနဲ့ပစ်ခတ်ပြီးထွက်ပြေးကြ ပါတယ်။ပြောရယင်တော့ပျောက်ကြားစနစ်ကျင့်သုံးနေတာပါ။ဒါပေမဲ့တစ်အိမ်တစ်ယောက်ဆင့်ခေါ်ထားတဲ့သူတွေ ကိုမိုင်းလိုက်ထောင်ခိုင်းတဲ့ပျောက်ကြားစနစ်ဖြစ်လို့ကိုယ်မိုင်းကိုယ်ပြန်ထိပြီးထိခိုက်မှုတွေများနေကြောင်းအဲဒီရွာသား ကပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"