ထိပ်ဆုံး သတင်း :
Home » » KIA တပ်ရင်း ၂၇ အခြေ စိုက်စခန်းအား မြန်မာ အစိုးရတပ်မှ သိမ်းပိုက်

KIA တပ်ရင်း ၂၇ အခြေ စိုက်စခန်းအား မြန်မာ အစိုးရတပ်မှ သိမ်းပိုက်

11/29/2011 02:10:00 PMတွင်ရေးသည်


nov28-balawng-myenကချင်ပြည်နယ်အရှေ့တောင်ဘက် ဘလောင်ဒိန်ဆာ (Balawng Dingsa)တွင် အခြေစိုက်ထားသော KIA တပ်ရင်း (၂၇)အား မြန်မာအစိုးရတပ်မှ နိုဝင်ဘာ၂၈၊ တနင်္လာနေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အစိုးရတပ်၏ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ယော်ထုံ ဦးဆောင်သော
၎င်းတပ်ရင်း အခြေစိုက်စခန်းအား KIA စစ်သားများ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများ အတည်ပြုပါသည်။

ဘလောင်ဒိန်ဆာ တပ်ရင်းဌာနချုပ်သည် ဗန်းမော်ခရိုင် မံဝင်းမြို့၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင်ရှိပြီး KIA တပ်မဟာ ၃ အောက်တပ်ရင်းများအနက် ယင်းစခန်းသည် ပထမဆုံး အစိုးရတပ်လက်အောက်သို့ ကျသွားခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ လဆန်းပိုင်းမှ သမ္မတ ဦးသိန်းစိန် အစိုးရက မိတ္ထီလာ အခြေစိုက် တပ်မ အမှတ် ၉၉၊ ပဲခူး အခြေစိုက် တပ်မ အမှတ် ၇၇ နှင့် ကျောက်မဲအခြေစိုက် စကခ-၁ အောက် တပ်ရင်းများမှ စစ်အင်အား ရာပေါင်းများစွာကို ကချင်-ရှမ်းနယ်စပ် နမ့်ခမ်းနှင့် မံဝင်းမြို့များသို့ ပို့ထားသည်။

ထို့ကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကူရောက်လာ မြန်မာစစ်သားများနှင့် နယ်မြေခံ KIA တပ်ရင်း ၁ နှင့် တပ်ရင်း၂၇ တပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်လာသည်။

မြန်မာအစိုးရတပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို အဓိကဆက်သွယ်ပေးသည့် မူဆယ်-နမ့်ခမ်း-ဗန်းမော် လမ်းကြောင်းမှ KIA တပ်များကို ရှင်းရန်အတွက် ယခုလို အင်အားအလုံးအရင်းဖြင့် စစ်ဆင်နေခြင်းဖြစ်သည်။
 post by KNG
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"