ထိပ်ဆုံး သတင်း :
Home » » သောကြာနေ့မှာ အမေရိကန်သံရုံး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရွှေညဝါဆရာတော်ကြီး ပါဝင်...

သောကြာနေ့မှာ အမေရိကန်သံရုံး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရွှေညဝါဆရာတော်ကြီး ပါဝင်...

12/02/2011 02:45:00 PMတွင်ရေးသည်

မနက်ဖြန် သောကြာနေ့မှာ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးမှ တဦးတည်းသော သံဃာတပါးအနေနှင့် တွေ့ခွင့်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
မနက်ဖြန် သောကြာနေ့ မနက် ၁၁နာရီ ၁၅မိနစ်၌ ရန်ကုန်မြို့ အမေရိကန်သံရုံး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာအပါအဝင်.. ပုဂ္ဂိုလ်(၁၀)ဦးတွေ့ခွင့်ရမည် ဖြစ်ကြောင်းသိရှိရပါသည်...။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇)ရက်နေ့ကတည်းက ရန်ကုန်မြို့အမေရိကန် သံရုံးမှလာရောက် ဖိတ်ကြားခဲ့ပြီး... အဆိုပါနေ့၌ ဆရာတော်ကြွရောက်မည့် ကားနံပါတ်မှ အစမှတ်သား သွားကြောင်း သိရှိရပါသည်..။ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ နယူးယောက်တိုင်းမ် သတင်းဋ္ဌာနမှလည်း လာမည့် ၃ရက်နေ့ စနေနေ့၌ ဆရာတော်နှင့် အင်တာဗျူးရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်..။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ အမျိုးဘာသာ၊ သာသနာတော်အတွက် မေတ္တာစေတနာ ထားပြီးရဲရဲဝံ့ဝံ့ တရားတော်များအား ဟောကြားတော် မူသည့်အတွက် အာဏာပိုင်များမှ ပြည်တွင်း၌ တရားဟောခွင့် တနှစ်ပိတ်ထားခြင်း ခံရပါတယ်..။ လာမည့် ၂၀၁၂ခုနှစ် တရားဟောခွင့် ပြန်လည်ရရှိမည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ဒီပဲယင်းမြို့၌ တရားဟောပြောရန် လက်ခံထားကြောင်း သိရှိရပါသည်..။

သတင်း.. ဒီမိုဝေယံ..
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"