ထိပ်ဆုံး သတင်း :
Home » » လူမဆန်သည့် မြန်မာ အစိုးရ စစ်တပ် လုပ်ရပ် များကြောင့် လူမျိုးရေး၊ ဘာသာရေး အငြိုးများ ဆီသို့ ဦးတည် လျက်ရှိ

လူမဆန်သည့် မြန်မာ အစိုးရ စစ်တပ် လုပ်ရပ် များကြောင့် လူမျိုးရေး၊ ဘာသာရေး အငြိုးများ ဆီသို့ ဦးတည် လျက်ရှိ

12/09/2011 03:30:00 PMတွင်ရေးသည်

http://kachinlandnews-burmese.com/wp-content/uploads/2011/12/81211.jpg
ပုံးလိန် ဒေသပြမြေပုံ
မြန်မာ အစိုးရစစ်တပ် စစ်ကြောင်း ထိုးသည့် အခါ ရွာမီးရှို့၊ လူသတ်၊ ရိုက်နှက်၊ ပစ္စည်း လုယူသည် သာမက အမျိုးသမီးများကို အဓ္ဓမကျင့်၊ ကချင် အများစု ကိုးကွယ်သည့် ခရစ်ယာန် ဘာသာကို စော်ကား စသည့် လူမဆန်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု များသည် ခွင့်လွတ်ရန် ခက်ခဲသည့် အဖုအထုံး များအဖြစ် ကချင်ပြည်နယ် သူပြည်နယ်သားတို့ စိတ်ထဲတွင် စွဲထင်နေ မည်ဖြစ်သည်။ ကချင် ပြည်နယ် အခြေစိုက် မြန်မာအစိုးရ တပ်ရင်းများ စစ်ကြောင်း ထိုးသည့် အခါတွင် အနေကြာ၊ အကြောင်း သိများ ဖြစ်ကြသဖြင့် လူမဆန် သည့်လုပ်ရပ်များ လျော့နည်းသည်ဟု ဆိုနိုင်သော်လည်း မြန်မာပြည်အောက်ပိုင်းမှ တပ်မများသည် စစ်ကြောင်းထိုးသည့် ရွာစဉ်တိုင်း မီးရှို့၊ ရွာသားများကို နိုပ်စက်၊ ပစ္စည်းလုခြင်းများကို ကျူးလွန်လျက် ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းတွင် မြစ်ကြီးနား မြို့ခံ လူငယ် ၂၀ ဦးကို  ပေါ်တာအဖြစ်ဖမ်းဆီးကာ ရှေ့တန်းသို့ပို့လိုက်ကြောင်း ယင်းတို့လက်မှ ပြန်လည်လွတ်မြောက်လာသူ တဦးကဆိုသည်။ ဖမ်းဆီးခံရသူ များတွင် အမျိုးသမီးငယ် ၂ ဦးပါပြီး ယင်းအမျိုးသမီးငယ်များကို ညစဉ်ညတိုင်း အုပ်စုလိုက် အဓ္ဓမ ကျင့် ကြောင်း၊ ငိုယိုပြီး ဘုရားရှစ်ခိုးသည့် အခါများတွင် ကျောကိုဆောင့်ကန်ကာ မင်းတို့ဘုရားသခင် ဘယ်မှာလဲ၊ ဘယ်မှာလာကယ်လို့လဲ ဟုဆိုကာ သွားများ ကျွတ်ထွက် သွားသည် အထိရိုက်နှက် ကြောင်း ယင်းလွတ်မြောက်လာသည့် လူငယ်၏ ပြောပြချက်အရသိရသည်။

ယင်းကဲ့ သို့အဖြစ် အပျက်များသည် လက်ရှိ ကချင်ပြည်နယ် နေရာ အနှံတွင် ဖြစ်ပွားလျက် ရှိပြီး လူမသိ သူမသိ ပျောက်ဆုံးသွား သူများလည်း အများအပြားဖြစ်သည်။ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် မြို့များမှ လူငယ်များ ပျောက်ဆုံးနေမှု များသော ကြောင့် မိဘများမှ ကေအိုင်အေ တပ်သားစု ဆောင်း ခြင်းခံရသည် ဟု ယူဆခြင်းများ ရှိသော်လည်း လက်တွေ့တွင်မှု မြန်မာအစိုးရ စစ်တပ်မှ ပေါ်တာအဖြစ် ဖမ်းခေါ်သွား ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ အစိုးရ စစ်တပ်များ သည် မြို့ပေါ်တွင် သွားလာနေသူ များကို ရပ်တန့် ဖမ်းဆီးကာ ရှေ့တန်းသို့ ပေါ်တာ အဖြစ်  ပို့လိုက်ကြောင်း ကိုယ်တိုင် ပေါ်တာအဖြစ် အဖမ်းခံရသူ တဦးပြောပြချက်အရသိရသည်။ လက်ရှိ စစ်ကြောင်းထိုး နေသည့် မြန်မာအစိုးရ စစ်တပ်များသည် လူမဆန်သည့် နိုပ်စက်မှု၊ အနိုင်ကျင့်မှုများကို ရွာစဉ်တိုင်း ပြုလုပ် လျက်ရှိ ကြောင်း ပေါ်တာဆွဲခံရသူမှ ဆက်လက်ပြောပြသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင်၊ မြန်မာပြည်အောက်ပိုင်းမှ တပ်မ ၈၈ လက်အောက် ခံတပ် များသည် ကိုင်ထိတ် ကျေးရွာနှင့် အင်ဘာပါ ကျေးရွာကြားရှိ ပွန်လိန် ကျေးရွာအနီးရှိ ဒိန်ခူရွာမှ ဦး လရှီတူး အသက် ၃၀ ကျော်၊ ကလေးနှစ်ဦး ၏ဖခင် နှင့် ဦး ဂျွန်အောင် အသက် ၃၀ ကျော် ကလေးနှစ် ဦး၏ ဖခင် တို့ကိုဖမ်းဆီး သွားကြောင်းသိရသည်။

မြန်မာအစိုးရ စစ်တပ်များ စစ်ကြောင်းထိုးသည့် သတင်းကြား သည်နှင့် ရွာလုံးကျွတ် ထွက်ပြေး ကြချိန်တွင် ယင်းတို့နှစ်ဦးသာ နေအိမ်တွင် ပစ္စည်း သိမ်းလျက် နောက်ဆုံး ကျန်ခဲ့ ခြင်းဖြစ်သည်။

မြန်မာအစိုးရ စစ်သားများ ၀ိုင်းဝန်း ကန်ကျောက် ရိုက်နှက်မှု ကြောင့် ဦးဂျွန်အောင်မှာ မေ့မြော သွားခဲ့ရာ သေပြီ အထင်နှင့် ပစ်ထားခဲ့ ရာမှ ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည်။ ယင်းနှင့် အတူ နိုပ်စက်ခံရသည့် ဦးလရှီတူးမှာ ယနေ့တိုင် သေသည် ရှင်သည် သတင်းမ ရပဲရှိနေသည်။ ဦးလရှီ တူး၏ ဖခင်မှာ သင်းအုပ်ဆရာဖြစ်ပြီး ၄င်းတို့နှစ်ဦး သည် တောင်ယာ လုပ်စားကာ အသက်မွေးသူ များဖြစ်သည်။

မြန်မာအစိုးရ၏ နိုင်ငံတကာ သို့ တင်ပြသည့် သကာအုပ်ထား သည့် ဒီမိုကရေစီကြောင့် ပြည်မ တွင် နေထိုင်သူတို့ လူးသာလွန့်သာ အခြေအနေဖြစ် သော်လည်း   တောင်တန်းဒေသ၊   ပြည်နယ် များတွင် မှု ယခင်က အတိုင်း သို့ ယခင်က အထက် ပိုမိုကျပ်တည်းလျက်ရှိသည်။
Post by kachinlandnews-burmese
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"