ထိပ်ဆုံး သတင်း :
Home » » ကချင်နှင့် သျှမ်း/မြောက်ပိုင်းကြား မူးယစ်ဆေးလွတ်လပ်စွာရောင်းဝယ်ဖောက်ကား

ကချင်နှင့် သျှမ်း/မြောက်ပိုင်းကြား မူးယစ်ဆေးလွတ်လပ်စွာရောင်းဝယ်ဖောက်ကား

6/18/2013 11:12:00 PMတွင်ရေးသည်

ကချင်ပြည်နယ်နှင့်သျှမ်းပြည်မြောက်ပိုင်းကြားရှိ မန့်ဝိန်းကြီး ကျေးရွာ တွင်မူးယစ်ဆေးဝါးများလွတ်လပ်စွာရောင်းဝယ် ဖောက်ကားနေကြောင်းဒေသတွင်းသတင်းမှစုံစမ်းသိရှိရသည်။

“မန့်ဝိန်းကြီး ရဲစခန်းအနောက်ဘက်မှာပဲ မူးယစ်ဆေးရောင်းတဲ့နေရာက၊ ရဲကလည်းမဖမ်း ကချင်စစ်တပ် ကလည်း ဘာမှအရေးမလုပ်ပေးတော့ မူးယစ်ဆေးသုံးစွဲတဲ့သူ တစ်နေ့ထက် တစ်နေ့ပိုများလာ တာတွေ့ ရတယ်၊ ဒီဒေသမှာ အဓိကအသုံးပြုနေတဲ့မူးယစ်ဆေးကတော့ ယာဘ(စိတ်ကြွဆေး)ပဲဖြစ်တယ်”ဟုမန့်ဝိန်းကြီးဒေသခံ  စိုင်းအိုက် ကပြောသည်။

မူးယစ်ဆေးသုံးစွဲသူ အများစုတွင် အသက် ၁၃ နှစ်မှ ၃၅ နှစ်ကြားရှိ လူငယ်များဖြစ်ကြောင်း၊ သျှမ်းနှင့်ကချင် လူမျိုး များဖြစ်ကြကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများပြားလာသောကြောင့် ခိုးဆိုးလုယက်မှု များလည်းနေ့ စဉ်ဖြစ် ပေါ်နေ ကြောင်း၊ မူးယစ်ရောင်းသည့်သူများမှာလည်း ဆေးစွဲနေသည့် ဒေသခံများဖြစ်ကြောင်း ၄င်းက ဆိုသည်။

မူးယစ်ဆေးဝါးလွတ်လပ်စွာရောင်းဝယ်ဖောက်ကားနေသည့်တဲ

“မန့်ဝိန်းကြီး မူးယစ်ဆေးရောင်းဝယ်သုံးစွဲတဲ့နေရာက ရဲစခန်းအနောက်ဘက် ချိန်းဆွဲ့ခမ်း ခြံထဲမှာပါ။ ခြံ ပိုင်ရှင်သွားရောက်ပြောဆိုပေမယ့် ဆေးသမားတွေက အရေးမစိုက်၊ အစိုးရနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လဲဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူး၊ခုချိန်ထိမူးယစ်ဆေးကို လွတ်လပ်စွာရောင်းဝယ်သုံးစွဲနေတယ်” - ဟု မန့်ဝိန်းကြီး ဒေသခံ ပါ့အီက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဒေသအတွင်းအာဏာပိုင် အဖွဲ့အစည်းများ လာရောက်ဖမ်းဆီးသော်လည်း ဆိုင်ကယ် (သို့) ငွေ နှင့် အခြား အဖိုးတန်ပစ္စည်းများကိုသာ သိမ်းဆည်းပြီး လူကိုတော့ပြန်လွှတ်ပေးကြောင်း၊ ကချင်တပ်မတော် (KIA) နှင့် မြန်မာ အစိုးရ တို့တိုက်ပွဲဖြစ်နေသည့် ကာလမှစ၍ မူးယစ်ဆေးသုံး စွဲသူနှင့်ရောင်းဝယ်ဖောက်ကားသူများ ပိုများ လာကြောင်း ဒေသခံများကဆိုသည်။

အလားတူ ၄င်း ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေးရွာ အနီးရှိ သျှမ်းမြောက် နမ့်ခမ်းမြို့ ကောင်းဆာကျေးရွာ ဟိုနမ့် မူးယစ်ဆေးရောင်း သည့်နေရာလည်း မူးယစ်ဆေးဝါးများ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေကြ ကြောင်း ဒေသခံ များက ပြောသည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"