ထိပ်ဆုံး သတင်း :
Home » » ပွင့်လင်း လူ့အဖွဲ့ အစည်းမှာ တိရစ္ဆာန်တွေကို အကာအကွယ် ပေးစေ လိုကြောင်း ချစ်သုဝေ ရင်ဖွင့်လာ

ပွင့်လင်း လူ့အဖွဲ့ အစည်းမှာ တိရစ္ဆာန်တွေကို အကာအကွယ် ပေးစေ လိုကြောင်း ချစ်သုဝေ ရင်ဖွင့်လာ

6/25/2013 12:15:00 AMတွင်ရေးသည်

ပိုမို ပွင့်လင်းလာမှု နဲ့ အတူ ယနေ့ မြန်မာနိုင်ငံကြီးမှာ နယ်ပယ် အသီးသီး ကနေ အပြောင်း အလဲတွေ များစွာမြင် တွေ့နေ ရပါပြီ။ နေရာစုံ၊ ကဏ္ဍစုံမှာ လူသားတွေ အားလုံး အတွက် လိုအပ်ချက် တွေကို ဘက်ပေါင်း စုံ၊ ထောင့် ပေါင်းစုံ ကနေ စဉ်းစားပြီး အဖွဲ့အစည်း အသီးသီးမှာ တင်ပြဆွေးနွေး တာ မျိုးတွေ ရှိလာတာ တွေ့ရတယ်လို့ ချစ်သုဝေ က ပြောပါတယ်။
ကိုယ်တိုင်လည်း တိရစ္ဆာန် တွေကို ချစ်မြတ်နိုး တတ်သူ တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက လတ်တလောမှာ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အနု ပညာ သမား တစ်ဦး အနေ နဲ့ ပြောပြချင်တဲ့ စိတ်ဆန္ဒ တစ်ခု ရှိနေတာမို့ ပြည်သူ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖို့ ပိုမို လွယ်ကူစေတဲ့ မီဒီယာ ကနေ တစ်ဆင့် အကြံပြု ပြောပြ ခဲ့ပါတယ်။

"ထရီဇာက တိရစ္ဆာန်ကို ချစ်ပေမယ့် ထရီဇာ့ မေမေတို့၊ မမ တို့လောက်တော့ တအား ချစ်တဲ့ သူထဲ မှာမပါဘူး။ ဒါပေမဲ့ လမ်းဘေး ခွေးလေးတွေ အတွက် ပါ။ နိုင်ငံခြားမှာ ဆိုရင် Society For Provention of Animals ဆိုတာ ရှိတယ်။ သူတို့ကို ဖိတ်ခေါ်ပြီး၊ သူတို့နည်းနာတွေ ယူပြီး လမ်းဘေး ခွေးလေးတွေ အပေါ်မှာ လုပ်ရင် ကောင်းမလားလို့ စဉ်းစား မိတယ်။

အဲဒီ ပရောဂျက်လေး အတွက်လည်း ထည့်သွင်း စဉ်းစားပေး ကြပါဦး လို့။သတ္တဝါလေးတွေ၊ လမ်းဘေး ခွေးလေးတွေကို ဒဂုံမှာ ဆိုရင်လည်း ထရီဇာ့ အဘွား မွေးထားတဲ့ အစာ အဆိပ် ပစ်ကျွေးတာ မျိုးတွေ ရှိတော့ ခွေးလေး တွေကို သိမ်းထားရတာမျိုး ရှိတယ်။ ထရီဇာ စဉ်းစား ကြည့်တဲ့ အခါမှာ လူ့ရဲ့ အသားကို လာဆိတ်ရင်တောင် နာတယ်။ ဥပမာ-အစားအစာ အခန့်မသင့် လိုက်လို့ ဗိုက်ထဲမှာ ပြဿနာဖြစ်ရင်တောင် လူကမချိမဆံ့ခံရတယ်။

ဒီအသား စိမ်းတွေ ထဲမှာ ကြွက်သတ်ဆေးလိုမျိုး Killing Pounder တွေကို ထည့်ထားတာမျိုး၊ အဆိပ် ထည့်ထားတဲ့ အသား တုံးတွေ ပစ်ကျွေးတာက မြန်မာ လူမျိုးတွေ ရဲ့ အသည်းနှလုံး အတွက် သိပ်ပြီးများ ရက်စက်လွန်းရာ ကျမလားလို့။ မလုပ်မဖြစ်လို့ လုပ်ရမယ် ဆိုရင်လည်း နိုင်ငံခြားမှာ ဆိုရင် ဒီ Society က သူတို့ ပရောဂျက် လေးတွေ ဘာရှိလဲ ဆိုရင် သူတို့က လမ်းဘေးခွေး တွေကို လိုက်သင်း ကွပ်ပေးတာ။
အမဆို အမတစ်မျိုး၊ အထီးဆို အထီး တစ်မျိုး လိုက်သင်း ကွပ်ပေးတဲ့ အတွက် သူတို့က သူတို့ သက်တမ်း ပြည့်လို့ ရှိရင် သူတို့ဘာ သာသူ တို့ သေသွားမယ်။

 မျိုးဆက်လည်း မပြန့် ပွားတော့ဘူး။ လုပ်တော့ လုပ်ရ မှာပဲ။ လုပ်ရတဲ့ အခါမှာ ကရုဏာ အရှိဆုံး၊ အသက် သာဆုံး နည်းလမ်း လေးတွေကို သတ္တဝါ လေးတွေ အတွက် စဉ်းစားပေးမယ် ဆိုရင် အကောင်းဆုံး အဖြေပေါ့။ အခုလိုအဆိပ်တွေ ပစ်ကျွေးပြီး သတ္တဝါ တွေကို သတ်နေ ကြမယ့် အစား ဖိတ်ခေါ် ပြီး နည်းပညာယူ တာ အကောင်း ဆုံးပါပဲ"လို့ ပြောပြခဲ့ပါ တယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"