ထိပ်ဆုံး သတင်း :
Home » » ရေမွန် မက်ဆေးဆေး ဆုရ ပထမဆုံး ကချင် အမျိုးသမီး လဖိုင်ဆိုင်းရော်နှင့် မေးမြန်းချက်

ရေမွန် မက်ဆေးဆေး ဆုရ ပထမဆုံး ကချင် အမျိုးသမီး လဖိုင်ဆိုင်းရော်နှင့် မေးမြန်းချက်

7/28/2013 07:03:00 PMတွင်ရေးသည်

၂၀၁၃ ခုနှစ် ရေမွန် မက်ဆေးဆေး ဆုရှင် ပထမဆုံး ကချင် အမျိုးသမီး လဖိုင်ဆိုင်းရော် 
အာရှ ဒေသရဲ့ နိုဘဲလ်ဟု တင်စား ခေါ်ဝေါ်နေသည့် ရေမွန် မက်ဆေးဆေး (Ramon MagSaysay Award) ဆုသည် ၁၉၅၇ ခုနှစ်တွင် လေယာဉ် ပျက်ကျမှုကြောင့် ကွန်လွန် သွားခဲ့ရသူ ဖိလဝ်ပိုင် သမ္မတဟောင်း ရေမွန် မက်ဆေးဆေးအား ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် ပေးအပ်လေ့ ရှိသော ဆုတစ်ခု ဖြစ်သည်။

ဇူလိုင်လ (၂၄) ရက်နေ့၌ ၂၀၁၃ ခုနှစ် အတွက်၎င်းဆု ရရှိသူများ၏ အမည်စာရင်းကို ထုတ်ပြန် ကြေငြာခဲ့ရာ၌ မြန်မာနိုင်ငံမှ ကချင်လူမျိုး လဖိုင် ဆိုင်းရော် ၄င်းဆုအား ချီးမြှင့် ခံရကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။

ရေမွန် မက်ဆေးဆေး ဆုကို အာရှ နိုင်ငံ များတွင် လူသားချင်း စာနာ ထောက်ထားမှု လုပ်ငန်း များတွင် ကြိုးစား အားထုတ် သူများ၊ အပြောင်းအလဲ လုပ်နိုင် သူများအား ရွှေးချယ်ကာ ချီးမြှောက် နေခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံမှလဖိုင် ဆိုင်းရော်အား “ကချင် ပြည်နယ် တွင်း၌ ဖြစ်ရှိ နေသောပြည်တွင်း စစ်ပွဲ များကြောင့် ဘ၀ ပျက်ကြ ရသော လူမှု အသိုင်း အ၀ိုင်းကို ပြန်လည် ထူထောင် ရာတွင် ကြိုးပမ်း ခဲ့ခြင်းနှင့် လူမှု အဖွဲ့အစည်း အတွင်း အကြမ်း မဖက်သော နည်းဖြင့် ငြိမ်းချမ်းသော အနာဂတ်ကို ထူထောင် ရာ၌ ဆွေးနွေး ညှိနှိုင်း ရေးကို ပံ့ပိုး ကူညီ ပေးခဲ့သူဟုမက်ဆေးဆေး ဆုပေးရေး ကော်မတီက ဖော်ပြ ထားပါသည်။

ဆုရရှိ သူများအား အမေရိကန် ဒေါ်လာ ငါးသောင်းနှင့် သမ္မတ ပုံပါ ဆုတံဆိပ်ကို ပေးအပ်မည် ဖြစ်ကာ ယခုနှစ် အတွက် ဆုပေးပွဲ အခမ်းအနားကို ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့၌ လာမည့် သြဂုတ်လ (၃၁) ရက်နေ့၌ ပြုလုပ် သွားမည် ဖြစ်သည်။

ယခုနှစ် အတွက် ရေမွန် မက်ဆေးဆေး ဆု ရရှိ ခဲ့သော လဖိုင် ဆိုင်းရော်အား ရွှေဟင်္သာ သတင်းဌာနမှ မေးမြန်း ထားချက် များကို တင်ဆက် ပေးလိုက် ပါသည်။

ရွှေဟင်္သာ (မေး) – ဆုမရရှိခင် လုပ်ဆောင် ခဲ့တဲ့ အန်တီ့ရဲ့ လှုပ်ရှားမှု အကြောင်းအရာ တွေအကြောင်းကို ပြောပြ ပေးပါလား ?

လဖိုင်ဆိုင်းရော် (ဖြေ) – “၁၉၈၇ ခုနှစ်က စပြီးတော့ ကျွှန်မတို့ ကချင်ပြည်နယ် ဘက်မှာ ရှိနေတဲ့ တိုင်းရင်းသား တွေရဲ့ လူမှုရေး အခန်းကဏ္ဍ တွေမှာ အန်တီ ပါဝင် လုပ်ဆောင် ခဲ့ပါတယ်၊ လူငယ် လူရွယ် တွေရဲ့ ကျောင်းနေနိုင်ရေး ကိစ္စနဲ့ ပညာ သင်ကြား နိုင်ရေး ကိစ္စမှာ အန်တီ တတ်အားသရွေ့ ပါဝင် လုပ်ဆောင် ပေးခဲ့ပါတယ်၊ ပြီးတော့ ၁၉၉၄ ခုနှစ် KIO နဲ့ မြန်မာ အစိုးရတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ခဲ့ပြီးနောက်မှာ မေတ္တာ ဖောင်ဒေးရှင်းကို တည်ထောင် ခဲ့ပြီးတော့ နိုင်ငံတော်ရဲ့ ခွင့်ပြု ချက်နဲ့ ပြန်လည် နေရာ ချထားရေး လုပ်ငန်းတွေ လုပ်ပါတယ်၊ ကချင်ပြည်နယ် တစ်ခုတည်း မဟုတ်ပါဘူး၊ မေတ္တာ ဖောင်ဒေးရှင်း မှာလည်း လူမျိုး ပေါင်းစုံ ပါဝင်ပါတယ်၊ အားလုံးက ငြိမ်းချမ်းရေး အကျိုးဆောင် ပုဂ္ဂိုလ်များလည်း ဖြစ်ပါတယ်၊ ရှမ်းတိုင်းရင်းသား ဒေသ တွေမှာလည်း ငြိမ်းချမ်းရေး အပစ် အခတ် ရပ်စဲရေး ရရှိ ခဲ့ပြီးနောက် ဒေသခံ ပြည်သူ လူထု တွေနဲ့တကွ ဒေသ ဖွံဖြိုးရေး အစီအစဉ် တွေကို လုပ်ဆောင် ခဲ့ပါတယ်။ သူ့ယုံကြည်မှု၊ သူ့ဓလေ့ ထုံးစံတွေကို အခြေခံပြီးတော့ ဒေသခံတွေရဲ့ လိုအပ်ချက် များနဲ့ အညီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင် ခဲ့တာ ဖြစ်တယ်။”

ရွှေဟင်္သာ (မေး) – ဆုရပြီးတော့ ရှေ့ဆက်ပြီး ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ?

လဖိုင်ဆိုင်းရော် (ဖြေ) – “အခု အချိန်မှာ ဆိုလို့ရှိရင် ပေါ့နော် တိုင်းရင်းသား တွေရဲ့ ဒေသတွေမှာ တကယ်တန်း တည်ငြိမ် ငြိမ်းချမ်းတဲ့ အဆင့်ကို မရောက်သေး ပါဘူး၊ ဒါကို အန်တီ့ အနေနဲ့ ကတော့ တတိုင်း ပြည်လုံး ငြိမ်းချမ်းဖို့၊ တတိုင်း ပြည်လုံး ဖွံ့ဖြိုး တိုးတက် နိုင်ဖို့ ဒီ ကျွှန်မ တို့ရဲ့ အခြေခံ အကျဆုံး ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေး နိုင်ဖို့ အဲဒါတွေ လုပ်ငန်းတွေ လှုပ်ရှားတဲ့ အခါထဲမှာ အန်တီ တတ်အား သရွေ့ ပါဝင် လှုပ်ရှား ချင်တဲ့ ဆန္ဒ ရှိပါတယ်၊ နောက်တစ်ခုက ရာသီ ဥတု ပြောင်းလဲမှု ဒဏ်ကြောင့် ကမ္ဘာနဲ့ အဝှမ်း စားနပ် ရိက္ခာ ဖူလုံရေး စိုးရိမ် နေရတဲ့ အခြေအနေ ရှိနေ ပါတယ်၊ ရရှိတဲ့ ဆုငွေ တွေကိုလည်း ဒီကဏ္ဍ တွေမှာ သုံးသွားဖို့ အစီအစဉ် ရှိပါတယ်၊ ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ကဏ္ဍနဲ့ ငြိမ်းချမ်းရေး ကဏ္ဍတွေမှာ တတ်အားသရွေ့ ပါဝင် လုပ်ဆောင် ပေးသွားဖို့ ဆန္ဒ ရှိနေ ပါတယ်။”

ရွှေဟင်္သာ (မေး) – ဆုကို ရဖို့ရော အန်တီ မျှော်လင့် ခဲ့တာမျိုးရော ရှိလား ?

လဖိုင်ဆိုင်းရော် (ဖြေ) – “အခုလိုမျိုး အသိ အမှတ်ပြုပြီး ဆုချီးမြှင့် ခံရမယ်လို့ တခါမှ မျှော်လင့် ထားတာ မရှိခဲ့ ပါဘူး၊ အန်တီ ဒါမျိုး ကြားလိုက်တဲ့ အခါမှာ ပိုပြီး အံသြ သွားတယ်၊ မှန်မှန် ပြောရမယ် ဆိုရင် အခု ကျွှန်မ ရထားတဲ့ အရေးပါတဲ့ ရေမွန် မက်ဆေးဆေး ဆုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်း ထားတာလည်း မရှိပါဘူး၊ သူတို့ ဘက်ကနေ ဖုန်းဆက် လာတဲ့ အခါမှာ အရမ်းကို တအံ့ တသြ ဖြစ်သွား ပါတယ်၊ အအံ့သြ ဆုံးကတော့ အခုလို နိုင်ငံတော် တစ်ခုလုံး ပြောင်းလဲလာဖို့ အားယူ နေတဲ့ အချိန် တိုင်းရင်းသားတွေ အားလုံး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရအောင် ကြိုးစား လုပ်ဆောင် နေချိန်မှာ အခုလို ဆုချီးမြှင့် ခံရတာက အင်မတန်မှ အားတက်မိတယ်၊ အားလုံး အတွက်လည်း ဒါဟာ ဆီလျော်တယ်၊ ဆိုပြီးတော့မှ ပိုပြီး တော့လည်း ဝမ်းသာ မိတယ်။”

ရွှေဟင်္သာ (မေး) - ဒီဆုရတဲ့ အကြောင်းကို ဆုကော်မီတီကနေ ဘယ်နေ့က အကြောင်းကြား လာလဲ ?

လဖိုင်ဆိုင်းရော် (ဖြေ) – “ဇူလိုင် ၁၂ ရက်နေ့ တုန်းက ပေါ့နော် ကျွှန်မ လားရှိုးမှာ ရှိနေတုန်း သူတို့ကနေ ဖုန်းဆက်ပြီး အကြောင်းကြား လာပါတယ်၊ သူတို့က ဆုရဲ့ အကြောင်း ပြောပြတယ်၊ ကျွှန်မလည်း အရမ်းအံသြ သွားတယ်၊ ဒါကို လက်ခံ နိုင်ပါ့ မလားလို့ မေးတယ်၊ ကျွှန်မ အနေနဲ့ ကတော့ တစ်ကယ်ပဲ ကျွှန်မ အလုပ်ကို လက်ခံ အသိအမှတ် ပြုတယ် ဆိုရင်တော့ ကျေးဇူး တင်ပါတယ်လို့ ပြောတယ်၊ ကျွှန်မ ဆုကို လက်ခံတယ်လို့ ပြောလိုက်တယ်၊ သူတို့ကတော့ ခေတ္တ အတွင်း ပေါ့နော် စာနဲ့ အကြောင်းကြား ပေးမယ်လို့ ပြောတယ်၊ ၂၅ ရက်နေ့ မတိုင်မှီ ဘယ့်သူကိုမှ မပြောပါ နဲ့ဦးလို့ ပြောတယ်၊ ယုံတာ ကတော့ တစ်ပိုင်း ပေါ့နော်၊ မယုံရဲ သလိုမျိုးလည်း ဖြစ်နေတယ်၊ တစ်ပတ်လောက် ကြာတော့ တရားဝင် စာကို တွေ့တော့မှပဲ ဒါနောက်နေတာ မဟုတ်ဘူး၊ တစ်ကယ်ပါလား ဆိုပြီး သိသွားတယ်၊ ဒီအဖွဲ့အစည်း အကြောင်းကို ကိုလည်း အန်တီ ပြည့်ပြည့်စုံစုံ သိရတော့မှ တစ်ကယ့်ကို ဝမ်းသာ မိပါတယ်။”

၎င်းဆုအား လက်ခံ ရယူရန် အတွက် လဖိုင် ဆိုင်းရော် အနေဖြင့် လာမည့် သြဂုတ်လ (၂၆) ရက်နေ့တွင် ဖိလစ်ပိုင်သို့ ထွက်ခွာမည် ဖြစ်ကာ ၄င်းဆုမှ ရရှိသော ဆုကြေး အမေရိကန် ဒေါ်လာ (၅) သောင်းအား မြစ်ဆုံ ဒေသ ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေး အစီအစဉ်၌ အသုံးပြု သွားမည် ဖြစ်သည်ဟု ၄င်းမှ ထုတ်ဖော် ပြောကြား ပါသည်။

လဖိုင် ဆိုင်းရော်သည် မြစ်ကြီးနား ဇာတိ ဖြစ်ကာ၊ သူမအား ၁၉၄၉ ခုနှစ်တွင် ကချင် ပြည်နယ် မြစ်ကြီးနား မြို၌ မွေးဖွားခဲ့သည်။ မူလတန်း (၄) တန်း အထိအား ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ပင် ပညာသင်ကြား ခဲ့သည်။ ထို့နောက်၌ မေမြို့သို့ ပြောင်းရွှေ့ကာ ဘော်ဒါ ဆောင်၌ နေ၍ ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ တက္ကသိုလ် ပထမ နှစ်အား မန္တလေး တက္ကသိုလ်၌ စိတ်ပညာ အထူးပြု ဘာသာရပ်ဖြင့် အောင်မြင် ခဲ့သည်။ ထို့နောက် ဝိဇ္ဇာဘွဲ့ကို ရန်ကုန် တက္ကသိုလ်၌ ရရှိ ခဲ့သည်ဟု ၄င်းမှ ပြောပါသည်။

ကချင် လူမျိုးတွင်း၌ ရေမွန် မက်ဆေးဆေး ဆုရရှိသည့် ပထမ ဦးဆုံးသော အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"