ထိပ်ဆုံး သတင်း :
Home » » ပင်လုံစိတ်ဓာတ် ပြန်လည် ထူထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြောကြား

ပင်လုံစိတ်ဓာတ် ပြန်လည် ထူထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြောကြား

7/22/2013 11:21:00 PMတွင်ရေးသည်


ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇူလိုင်လ ၂၂ ရက်နေ့ ကပြုလုပ်တဲ့ ပြည်ထောင်စု တိုင်းရင်းသား သက်ကြီး ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဗမာလူမျိုးအပါအင် တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။


နားဆင်ရန်>>

ရန်ကုန်မြို့ တော်င်နှင်းဆီခန်းမမှာ တိုင်းရင်းသားလူငယ်များကွန်ရက်က ဦးစီးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား သက်ကြီါးရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရပြုတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ဂါရပြုရင်း ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့  စိတ်ဓာတ်ကိုဆိုလို တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

ဒီနေ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သက်ကြီးပူဇော်ပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် မွန်ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ဦးသာဘန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့င် ဦးင်းတင်၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်စိန်ရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးပူးကျင့်ရှင်းထန်စတဲ့ါရင့်နိုင်ငံရေးခေါင်းဆောင် ၂ က တက်ရောက်ကန်တော့ခံခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ါရင့်နိုင်ငံရေးခေါင်းဆောင် ၃၁ ဦးမှာ ဆရာကြီး ဒဂုန်တာရာနဲ့ သခင်သိန်းဖေတို့တော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ကန်တော့ခံ နိုင်ငံရေးခေါင်းဆောင်ကြီးတွေကလည်း ပင်လုံစာချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး အကြောင်းတွေကို ဒီအခမ်းအနားမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"