ထိပ်ဆုံး သတင်း :
Home » » ဇူလိုင်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

ဇူလိုင်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

7/02/2013 12:38:00 PMတွင်ရေးသည်

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။
နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။
ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။
မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ်ပါတယ်။
အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။
သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ရပ်ဝေးခွဲရ ကိန်းရှိနေပါတယ်။

ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့ နံပတ်ရှာပြီး ထိုးပါ။

ယတြာ....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းသီးပါသော မုန့်လှူပါ။

တနင်္လာသားသမီးများအတွက်


ဒီလအတွင်းမှာ အဆင်မပြေ လွဲချော်မှုတွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို၊ ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။
သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။
လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။
ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။
နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။
ငွေကံကတော့ အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။
အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။

(၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။

ယတြာ...
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သြဇာသီး (၄) လုံး ဘုရားလှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

အင်္ဂါသားသမီးများအတွက်


ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။
လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။
 ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။
ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေ တအားရွှင်မယ်။
ကား၊ ကျောက်၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။
 သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။

တမင် ရန်စနှောက်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။
ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။
ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။

ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ......
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို ချောကလက် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။

ဗုဒ္ဓဟူးသားသမီးများအတွက်


ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။
မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။
ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။
ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။
 ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။
အထည်၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။
ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။

ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

ကြာသပတေးသားသမီးများအတွက်


ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။
 ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။
ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။
အသီး၊ အနှံ၊ သစ်၊ သွပ်၊ သံ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါတယ်။
ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။

ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။
 အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရတတ်ပါတယ်။
ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။

ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။

ယတြာ.....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာသစ်သီး (၆)မျိုး သောက်တော်ရေ လေးခွက် လှူဒါန်းလိုက်ပါလေ။

သောကြာသားသမီးများအတွက်


ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။
နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။
၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။
အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။
မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒီနေ့မှာ ထီဖိထိုးသင့်ပါတယ်။

စပ်တူ စာချုပ်ကိစ္စတွေမှာတော့ မရေမရာ ဖြစ်တတ်ပါတယ်။
မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။
အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။

ယတြာ....
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် ဓာတ်ခဲကိုးလုံးကို ဘုရားစင်ရှေ့တွင် တန်းစီချထား၍ ထိုအပေါ်တွင် ဖယောင်းတိုင် ကိုးတိုင်တင်ထွန်း၍ ဘုရားမီးပူဇော်ပါ။

စနေသားသမီးများအတွက်


ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။
တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။
အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။
 မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။
မြေ၊ အမွေ၊ ဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။

ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။

 ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။

ယတြာ......
ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။
Cr=>>
ဆရာ ဟိန်းတင့်ဇော်ရဲ့ အင်တာနက်စာမျက်နှာ
www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"