ထိပ်ဆုံး သတင်း :
Home » » မြန်မာတွေနဲ့ တွစ်တာ အသုံးပြုမှု

မြန်မာတွေနဲ့ တွစ်တာ အသုံးပြုမှု

7/02/2013 12:31:00 PMတွင်ရေးသည်

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ရင် မျိုးဆက်သစ်လူငယ်များနဲ့  ချိတ်ဆက်နိုင်ဖို့  အင်တာနက်သတင်းကွန်ရက် တွစ်တာ (Twitter) ကို သုံးမယ်လို့  ပြောခဲ့ဖူးပါတယ် တဲ့။

အခု ဆိုရင် ဒီမိုကရေစီခေါင်းဆောင် အကျယ်ချုပ်က လွတ်မြောက်လာတာ ၃ နှစ် ရှိပါပြီ။
တွစ်တာ သုံးနေပြီလား။


(ပြီးခဲ့တဲ့ ရက်ပိုင်းအတွင် ဧရာဝတီဘလော့ တွစ်တာရဲ့ အောက်ခံပုံကို အထက်ပါအတိုင်း ပြောင်းလိုက်ပါတယ်)
ဒေါ်အောင်ဆန်းစုကြည်က ဧည့်သည်တွေ့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုတော့ တွစ်တာ သုံးနေလို့များလား လို့ ယူဆစရာပါပဲ။

တွေ့လိုသူက မြန်မာပြည်ရောက် နိုင်ငံတကာ ထိပ်သီးဧည့်သည်ကြီးများ၊ သံအမတ်များ၊ နေပြည်တော်က အင်မတန် အရာရောက်သူများ မဟုတ်ဘူး ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မလွယ်ပါဘူး။

အခု ပြောလိုတာက ဒေါ်အောင်ဆန်းစုကြည်အကြောင်းတော့ မဟုတ်ပါ။
သူ သုံးလိုတယ်လို့ ဆိုခဲ့တဲ့ တွစ်တာအကြောင်း ဖြစ်ပါတယ်။

ဂျွန်မက်ကိန်း၊ ပဲရစ်ဟီလ်တန်၊ လေဒီဂါဂါ၊ ဟီလာရီကလင်တန် အစရှိတဲ့ နိုင်ငံတကာက အထင်ကရများ တွစ်တာ သုံးပါတယ်။
သူတို့ ဘာလုပ်နေတယ်၊ ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာတွေကို တွစ်တာကနေ ကြေညာလေ့ရှိတာ တွေ့ရမှာပါ။
လက်ထောက် ဝန်ထမ်းများ ရှိသော်ငြားလည်း သူတို့ရဲ့ စမတ်ဖုန်းတွေကနေ သူတို့ကိုယ်တိုင် တို့ကနန်း ဆိတ်ကနန်း ရေးတယ် လို့ ယူဆရပါတယ်။

အဆိုတော် ဂျပ်စတင်ဘီဘာရဲ့ တွစ်တာမှာတော့ နောက်လိုက် ပရိသတ် ၄၁ သန်း ရှိနေပါပြီ တဲ့။

ပေါက်ကရဖက်ရှင်ကြောင့် ကမ္ဘာကျော်နေတဲ့ အဆိုတော် လေဒီဂါဂါရဲ့ တွစ်တာ ပရိသတ် ၃၃ သန်း ရှိပြီး ဖေ့ဘုတ် ပရိသတ်က ၅၅ သန်း ရှိပါတယ်။

တွစ်တာကို မြန်မာပြည်မှာ အသုံးမများပါ။

မြန်မာပြည်မှာ အင်တာနက်သုံးသူဟာ တွစ်တာအကောင့်ဖွင့်ထားတယ်၊ ကိုယ့်ဆီမှာ ရာဂဏန်းလောက် မိတ်ဆွေရှိရင်ပဲ မဆိုးဘူးလို့ ဆိုရပါမယ်။ 

ဧရာဝတီ Blog ရဲ့ တွစ်တာ လိပ်စာက https://twitter.com/IrrawaddyBlog ဖြစ်ပါတယ်။
ခုချိန်ထိတော့ follower တထောင် စွန်းရုံလေးပါပဲ။

ချစ်စရာကောင်းတဲ့ အလှမယ် နန်းခင်ဇေယျာကတော့ ပရိသတ် နှစ်ထောင်ကျော် ရှိပါတယ်။

“တွစ်တာကတော့ မြန်မာစာရိုက် ပရိသတ်တွေအကြား ထိုးဖောက်ဖို့တော့ မလွယ်လောက်ဘူး။
တွစ်တာကို မြန်မာပြည်မှာ ပိတ်ထားတဲ့ တလျှောက် ဖေ့စ်ဘုတ်ကိုသာ သုံးခဲ့ကြတာ ကြာနေတာကြောင့်ရော၊ ဖောင့်အဆင်ပြေတာရော၊  ပုံတင်ရလွယ်တာတွေရောကြောင့် ဖေ့စ်ဘုတ်ကို မြန်မာပရိသတ်တွေက ပိုကြိုက်နေကြတယ်” လို့ မြန်မာ သတင်းသမားတဦးက သုံးသပ်ပါတယ်။

“ယာဟူးမေးလ်ကို ဖွင့်ပေးလိုက်ပေမယ့် သုံးသူမရှိသလောက် ဖြစ်နေပြီး ဂျီမေးလ်ပဲ စွဲသုံးကြတာမျိုး ထင်တယ်” လို့ သူက ဥပမာပေးပါတယ်။

မြန်မာပြည်မှာ အသုံးနည်းပေမယ့် ...

ဘော်စတွန်ဗုံးသတင်းရဖို့ Twitter မှာ စုပြုံတိုး http://blog.irrawaddy.org/2013/04/twitter.html
ပဲရစ်ဟီလ်တန်ရဲ့ တွစ်တာမှာ Followers ၁၀ သန်းကျော်ရှိ http://blog.irrawaddy.org/2013/06/followers.html

ဆိုတဲ့ သတင်းတွေကို ကြည့်ရင် ....
ဂျပ်စတင်ဘီဘာ၊ လေဒီဂါဂါတို့ သန်း ဆယ်နဲ့ချီ တွစ်တာမှာ အလိုက်ခံနေရတာကို ကြည့်ရင် အမေရိကမှာ တွစ်တာ ဘယ်လောက်အထိ နေ့စဉ်သုံးပစ္စည်းဖြစ်နေလဲ ဆိုတာ ခန့်မှန်းနိုင်ပါပြီ။

နိုင်ငံတချို့မှာတော့ တွစ်တာကို အစိုးရတွေက အမှုန့်ကြိတ်ချင်နေကြတာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တက်လာတဲ့ BBC အင်္ဂလိပ်ပိုင်း သတင်းတပုဒ်မှာ
တူရကီအစိုးရက တွစ်တာကို သူတို့နိုင်ငံ လာပြီး ရုံးခန်းဖွင့်ဖို့ ဖိတ်လိုက်ပါတယ် တဲ့။

ဒါမှ တွစ်တာပေါ် တင်လိုက်တာတွေထဲက ဘယ်ဟာ ဘယ်ဟာကိုဖြင့် ပြင်ပါ ဖျက်ပါ ဆိုပြီး တူရကီအာဏာပိုင်များက လိုအပ်သည်များကို မှာကြားနိုင်မယ်လို့ ဆိုပါတယ်။

တွစ်တာကို ဒါမျိုးလုပ်လို့တော့ ဘယ်ရပါ့မလဲ။
နိုင်ငံတကာမှာ အာဏာရှင်တွေ၊ ကလိမ်ကျသူတွေ သိပ်များနေပြီ ဆိုတော့ တွစ်တာကို စတင် တည်ထောင်ကတည်းက  ဖောက်သည်တွေအတွက် အကာအကွယ်ပေးဖို့ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲ ချမှတ်ပြီးဖြစ်ပါလိမ့်မယ်။

နိဂုံးချုပ်ရရင် ...  တွစ်တာက မြန်မာပြည်မှာ သိပ် အရေးမပါလှသေးပါဘူး။
နှစ်ဆန်းပိုင်း တရားဝင် ထုတ်ပြန်ချက်အရဆိုရင် တွစ်တာသုံးသူပေါင်း သန်း ၂ဝဝ ရှိနေပြီ၊ အဲဒီထဲက ထက်ဝက်ကျော်ကျော်ဟာ စမတ်ဖုန်းကနေ တွစ်တာသုံးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်မှာ စမတ်ဖုန်းနဲ့အင်တာနက်သုံးသူ များလာရင် တွစ်တာသုံးသူ အရေအတွက် တိုးပွားနှုန်းက အခုထက် ပိုပြီး များလာလိမ့်မယ်လို့ ယူဆရပါတယ်။

Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"