ထိပ်ဆုံး သတင်း :
Home » » အဲယားအိန္ဒိယရဲ့ ရန်ကုန်-ကာလကတ္တား ခရီးစဉ် တိုးချဲ့ပျံသန်းမယ်

အဲယားအိန္ဒိယရဲ့ ရန်ကုန်-ကာလကတ္တား ခရီးစဉ် တိုးချဲ့ပျံသန်းမယ်

7/12/2013 09:51:00 AMတွင်ရေးသည်

အိန္ဒိယနိုင်ငံက အဲယား အိန္ဒိယ (Air India- AI) ဟာ အိန္ဒိယနဲ့ မြန်မာကို တိုက်ရိုက် ခရီးစဉ်အသစ်တခု တိုးချဲ့ ပြေးဆွဲပါတော့မယ်။

ဓာတ်ပုံ- FOIN.IN
ရန်ကုန်- ကာလကတ္တား ခရီးစဉ်သစ်ကို ဇူလိုင်လ ၁၇ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ဗုဒ္ဓဟူးနေ့ တိုင်း ပြေးဆွဲ မှာ ဖြစ်တယ် လို့ အိန္ဒိယအခြေစိုက် The Statesman အွန်လိုင်းသတင်း တပုဒ်က 
ဖော်ပြထားပါတယ်။ 

လေကြောင်းလိုင်းရဲ့ ခရီးစဉ်အသစ် ဖြစ်တဲ့ AI- 227 ဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားက ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၅၀ မှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်ကို မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။ 

ရန်ကုန်က အပြန်ခရီးကိုတော့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲက ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ကာလကတ္တားကို ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

အဲယား အိန္ဒိယ AI လေကြောင်းလိုင်းအနေနဲ့ အခု ပြေးဆွဲမယ့် ခရီးစဉ်သစ်မှာ ခရီးသည် ၁၄၄ ဦးလိုက် ပါနိုင်တဲ့ အဲယား ဘတ်စ် ၃၁၉ ( Airbus 319) လေယာဉ်တွေကို အသုံးပြုမှာဖြစ်တယ်လို့လည်း အဆိုပါ သတင်းက ဆိုပါတယ်။ 

လက်ရှိ အဲယား အိန္ဒိယ AI လေကြောင်းလိုင်းဟာ ရန်ကုန်-ကာလကတ္တား ခရီးစဉ်ကို တပတ် တကြိမ်နှုန်းနဲ့ တနင်္လာနေ့ တိုင်း ပျံ သန်း ပြေးဆွဲနေတာပါ။ 

အခုလို ဗုဒ္ဓဟူးနေ့ တိုင်းပြေးဆွဲမှု ခရီးစဉ်သစ်ကြောင့် ရန်ကုန်- ကာလကတ္တား ခရီးစဉ် ပြေးဆွဲမှုဟာ တပတ်ကို ၂ ကြိမ်ဖြစ်လာတော့မှာပါ။ 

Cr=>> အိမ့်သံစဉ် ~
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"