ထိပ်ဆုံး သတင်း :
Home » » တနိုင်ငံလုံး အတိုင်းအတာဖြင့်သာ အပစ်ရပ်မည်ဟု KIO ကပြော

တနိုင်ငံလုံး အတိုင်းအတာဖြင့်သာ အပစ်ရပ်မည်ဟု KIO ကပြော

8/11/2011 07:14:00 PMတွင်ရေးသည်

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အပေါ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဆိုပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ရန်သာ လိုလားကြောင်း KIO ကပြောသည်။


"ကျနော်တို့ KIO အဖွဲ့ကတော့ အဖွဲ့အစည်း တခုအနေနဲ့ ငြိမ်းချမ်းရေးကို မလိုချင်ပါဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ ပြည်သားအားလုံး ငြိမ်းချမ်းသာယာ ၀ပြောတဲ့၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိတဲ့ လူ့အခွင့်အရေး အပြည့်အ၀ရရှိတဲ့ ငြိမ်းချမ်းရေးကို လိုချင်တာပါ။ သူတို့ အစိုးရဖက်က ပြောဆိုနေတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ကို ပြောနေတာ ဖြစ်တယ်။" ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရန် ပြည်နယ်တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ ယခုလ (၂) ရက်နေ့က တတိယ အကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ရပ်တန့်နေခဲ့သည်။


ယင်းဆွေးနွေးပွဲ၌ KIO ဖက်မှ အချက်(၇) ချက်ကို မေးမြန်းခဲ့ပြီး အကယ်၍ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်မည် ဆိုပါက လက်မှတ် ရေးထိုးရာတွင် ပါဝင်ရမည့် အချက်တချို့ကို နှစ်ဖက်ကိုယ်စားလှယ်များက သဘော တူခဲ့ကြသည်။ သို့သော် အပစ်အခတ်ရပ်ဆိုင်းသည့် အဆင့်သို့ ရောက်ရန် အတော်ပင် အလှမ်းဝေးနေသေးကြောင်း ဦးလနန်က ပြောသည်။


"ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် လက်ရှိ ဖြစ်ပေါ်နေသော ကချင်ပြည်နယ် အတွင်းနှင့် ဆက်စပ်နယ်မြေများ အတွင်း ဖြစ်ပွားနေသည့် ပစ်ခတ် တိုက်ခိုက်မှု များကို ယာယီ ရပ်ဆိုင်းထားရန်ဆိုတဲ့ အချက်လိုဟာမျိုးကို သူတို့ဖက်ကလည်း သဘောတူတယ်။ ကျနော်တို့ဖက်ကလည်း သဘောတူတယ်။ အမှန်တကယ်တော့ အပစ်အခတ် ရပ်သွားပြီဆိုတဲ့ ဟာမျိုးတော့ မဟုတ်သေးပါဘူး။ လက်မှတ်ထိုးမယ့် အဆင့်တော့ မရောက်နိုင်သေးပါဘူး။"


အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်ဆွေးနွေး နေသော်လည်း လောလောဆယ်တွင် ပထမအဆင့်ဖြစ်သည့် ယာယီ အပစ်အခတ်ရပ်စဲရေး အဆင့်ပင် မရောက်နိုင်သေးကြောင်းနှင့် ယင်းကိစ္စဖြစ်ပေါ်လာရေးအတွက် နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။


သြဂုတ်လ (၂) ရက်နေ့ ဆွေးနွေးပွဲ၌ KIO ဖက်က မေးမြန်းထားချက်များနှင့်ပတ်သက်၍ တိကျစွာ ဖြေကြားခဲ့ခြင်း မရှိသည့်အပြင် လာမည့် သြဂုတ်လ(၂၂) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လွှတ်တော် အစည်းအဝေး၌ တင်ပြဆွေးနွေး သွားရန်ရှိသည်ဟုသာ အစိုးရကိုယ်စားလှယ်အဖွဲ့က
ပြောဆိုခဲ့သည်။


ယင်းကိစ္စအပေါ် ဦးလနန်က "ကျနော်တို့ကတော့ လွှတ်တော်ကနေ ကျနော်တို့ရဲ့ နိုင်ငံရေးကို ဖြေရှင်းတာမျိုး မလိုချင်ဘူး။ အဲလို မလိုချင်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့က မေးမြန်းထား တယ်လေ။ အစိုးရသစ် အနေနဲ့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နဲ့ ပင်လုံ ကတိက၀တ် အပေါ်မှာ ဘယ်လို သဘောထားပါသလဲ ဆိုပြီးတော့ မေးမြန်းထားတာ ဖြစ်တယ်။ အဲလိုမျိုး သဘော မတူနိုင်တဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။" ဟု ပြောသည်။


၁၉၉၄ ခုနှစ်မှစ၍ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သည့် KIO သည် လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့မှစတင်၍ တာပိန်ရေအားလျပ်စစ် စီမံကိန်း လုံခြုံရေး အကြောင်းပြချက်ဖြင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။


လက်ရှိ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ စစ်ပွဲများ ရပ်ဆိုင်းစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာကြီး ဒဂုန်တာရာ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန် တိုက်တွန်းနေသည်။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"