ထိပ်ဆုံး သတင်း :
Home » » ယူကေမှ ချီးမြှင့်သည့်ဆု ဒေါ်စု ရရှိ

ယူကေမှ ချီးမြှင့်သည့်ဆု ဒေါ်စု ရရှိ

9/24/2011 08:14:00 PMတွင်ရေးသည်

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ ပါဝင် ဖွဲ့စည်းထားသည့် ထင်ရှားသော အဖွဲ့တခုဖြစ်သည့် Think-Tank အဖွဲ့မှ Chatham House Prize ဆု ပေးအပ်လိုက်သည်။
ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်သည့် မြစ်တစင်း၏ ပုံရိပ် - ဧရာဝတီ (The Sketch Of A River-The Ayeyarwady) အနုပညာပြပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၂၂ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)  နိုင်ငံတကာ ဆက်ဆံရေး တိုးတက်လာစေရန် အားသွန်ခွန်စိုက် အဆောင်ရွက်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၁ ခုနှစ်အတွက် Chatham House Prize ဆု Think-Tank အဖွဲ့မှ ပေးအပ်လိုက်သည်။

ရိုက်တာ သတင်းဌာန၏ သောကြာနေ့တွင် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံတကာ ဆက်ဆံရေး တိုးတက်လာစေရန် အားသွန်ခွန်စိုက် အဆောင်ရွက်ခဲ့ဆုံးဟု ယုံကြည်ရသည့် ပုဂ္ဂိုလ်အား နိုင်ငံတကာရေးရာ တော်ဝင်အဖွဲ့မှ နှစ်စဉ် ပေးအပ် ချီးမြှင့်လေ့ရှိသည့် ဆုဖြစ်ကြောင်း သိရသည်။

ပညာရှင်များ ပါဝင်သည့် ထို Think-Tank အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ သင်္ကေတ တခုဖြစ်လာပြီး ဆုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက်မှ ဒီဇင်ဘာ ၁ ရက်နေ့ တွင် လန်ဒန်မြို့၌ ကျင်းပမည့် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက် လက်ခံမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်းတွင်လည်း ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခြင်းခံရသည်။ သူ၏ သားများဖြစ်သော အလက်ဇန်းဒါး နှင့် ကင်(မ်) တို့က အော်စလိုမြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် သူမကိုယ်စား နိုဗယ်ဆုကို လက်ခံရယူခဲ့သည်။

“နိုင်ငံတကာ နိုးနိုးကြားကြား ရှိနေမှုက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အထောက်အကူ ပြုနေပြီး ကျမတို့၏ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုများက ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးအပေါ် လူသားတိုင်းက တမ်းတနေကြောင်း သိမြင်စေသည်” ဟု ဆုပေးသည့် Think-Tank အဖွဲ့၏ ကြေညာချက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ Clinton Global Initiative ညီလာခံ ပရိသတ်သို့ ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့သည့် ဗွီဒီယိုထဲတွင် မြန်မာနိုင်ငံတွင် တိုးတက်မှုတချို့ကို မြင်တွေ့နိုင်သည်ဟု ပြောဆိုခဲ့သော်လည်း ယင်းတို့သည် “အစခရီး၏ အစ” သာ ရှိသေးကြောင်း ဆိုခဲ့ကာ မြန်မာ့ဒီမိုကရေစီအရေးကို အာရုံစိုက်ကြရန် တိုက်တွန်းခဲ့သေးသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"