ထိပ်ဆုံး သတင်း :
Home » » သင်္ကန်းကျွန်း စာဖတ်ခန်း ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်

သင်္ကန်းကျွန်း စာဖတ်ခန်း ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်

9/24/2011 10:44:00 AMတွင်ရေးသည်


Photo: RFA
နိုင်ငံရဲ့ ကောင်းကျိုးအတွက် လူငယ်တွေ ဗဟုသုတနဲ့ အသိအမြင် ကြွယ်ဝအောင် လုပ်ရမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက် လေးထောင့်ကန်လမ်းက၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင် ဖွှု့်လှစ်သော အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ ဖိတ်ကြားစာ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီကနေ့ မနက် ၁၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက် လေးထောင့်ကန်လမ်းက အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲမှာ အခုလို ပြောကြားတာလို့NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် က ပြောပါတယ်။ လူငယ်တွေမှာ အချိန်များစွာရှိပြီး ရှေ့ဆက်ပြီး နိုင်ငံတာဝန်ကို ထမ်းဆောင်ရမဲ့သူတွေ ဖြစ်ကြောင်း၊ ဗဟုသုတနဲ့ အသိအမြင် ကြွယ်ဝအောင် လုပ်ဆောင်ရာမှာ စာဖတ်ခန်းတွေရဲ့ အခန်းက အရေးပါကြောင်း၊ ဒါကြောင့် စာဖတ်ခန်းတွေ အတွက် လှူဒါန်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားကြောင်း ဦးအုန်းကြိုင် က ပြောပါတယ်။ အခမ်းအနားကို လူထု ပရိသတ် တထောင့်ငါးရာလောက် တက်ရောက်ကြပြီး ဒေါ်အောင်ဆန်းစုကြည်က စာဖတ်ခန်း ဖွင့်ထားတဲ့ ပထမထပ်ကနေ အသံချဲ့စက်နဲ့ အမှာစကား ပြောကြားပါတယ်။ NLD ဒုတိယဥက္ကဌ ဦးတင်ဦးကလည်း စာဖတ်ခန်းတွေရဲ့ အရေးပါပုံကို ပြောကြားပါတယ်။ ပဲခူးနဲ့ သနပ်ပင်မြို့တွေမှာ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းတွေ ဖွင့်လှစ်ထားတာ အောင်မြင်တဲ့ အတွက် သင်္ကန်းကျွန်း မြို့နယ် NLD စည်းရုံးရေး ကော်မတီက တာဝန်ယူပြီး အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်လှစ်တာလို့ ဆိုပါတယ်။ စာဖတ်ခန်းဖွင့်ပွဲမှာ စေတနာရှင်တွေက ကျပ်ငွေ သိန်း ၄၀ လောက် လှူဒါန်းပြီး သင်္ကန်းကျွန်း စည်းကော်မတီ ကိုယ်စား ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ကျေးဇူးတင်စကား ပြောကြားပါတယ်။ စာဖတ်ခန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ သုတစာပေ၊ သမိုင်းစတဲ့ ကဏ္ဍစုံ စာအုပ်တွေရှိပြီး ကွန်ပျူတာနဲ့ ဖတ်ရှုနိုင်တဲ့ e-library ပါရှိတယ်လို့လည်း သိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"