ထိပ်ဆုံး သတင်း :
Home » » ပခုက္ကူ ရေဘေး NLD က ဆန် နဲ့ ငွေလှူ

ပခုက္ကူ ရေဘေး NLD က ဆန် နဲ့ ငွေလှူ

10/26/2011 10:03:00 PMတွင်ရေးသည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်းက ရေဘေးသင့် ဒုက္ခသည်တွေကို ဒီကနေ့ ဆန် နဲ့ အလှူငွေတွေ ထောက်ပံ့နေပါတယ်။

AFP
နားဆင်ရန်...


၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ပခုက္ကူ ရေလွှမ်းမိုးမှုကြောင့် ကျိုးကျခဲ့ရသော မြစ်ကူးတံတားကို တွေ့မြင်ရစဉ်။ AFP PHOTO
NLD အဖွဲ့ချုပ် နဲ့ ဒေသခံ NLD အဖွဲ့ဝင်တွေ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီငွေတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ နေထိုင်နေတဲ့ ပခုက္ကူမြို့က ရေဘေးဒုက္ခသည် အိမ်ထောင်စု ငါးရာကျော်ကို ဒီကနေ့ ထောက်ပံ့ အကူအညီပေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။ “ဒီမှာ လူဦးရေ ၁၄၀၀ ကျော် နဲ့ မိသားစု ၅၅၁ စုက ဒီက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်။ အထွေထွေ အတွင်းရေးမှူး လှူဒါန်းလိုက်တဲ့ငွေရယ်၊ ဒီမှာ ကြိုတင်ပြီးတော့ လှူဒါန်းထားတဲ့ငွေတွေရယ် အားလုံးပေါင်း သိန်းငါးဆယ်လောက်ရတော့၊ ပခုက္ကူမှာတော့ တစ်အိမ်ထောင်ကို ဆန်လေးပြည် နဲ့ ငွေကျပ် သုံးထောင်ပေါ့ ရေးဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းတွေကို လှည့်ပြီးတော့ အကူအညီပေးနေပါတယ်။” ပခုက္ကူမြို့မှာ ရေဘေးကြောင့် သေဆုံးသူ တစ်ရာကျော်ရှိနေပြီး အိုးအိမ်မဲ့ ဒုက္ခသည် ထောင်ချီ ရှိနေပါတယ်။ ဒုက္ခသည်တွေအတွက် မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း နဲ့ တခြား လူမှု အဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့ ပေးနေကြောင်း သိရပါတယ်။ ပခုက္ကူမြို့က ရေဘေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေကို အဲဒီကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့က ဦးအုံးကြိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"