ထိပ်ဆုံး သတင်း :
Home » » ပိတ်ဆို့မှု ဖယ်ရှားရေး အပြောင်းအလဲ တိုးလုပ်ပြဖို့ လိုကြောင်း အမေရိကန် ထပ်ပြော

ပိတ်ဆို့မှု ဖယ်ရှားရေး အပြောင်းအလဲ တိုးလုပ်ပြဖို့ လိုကြောင်း အမေရိကန် ထပ်ပြော

11/16/2011 11:34:00 AMတွင်ရေးသည်

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ဖယ်ရှားဖို့ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တိုးပြီး လုပ်ဆောင်ဖို့ လိုသေးကြောင်း အမေရိကန် အစိုးရက မနေ့က ထပ်မံပြောကြားလိုက်ပါတယ်။
U.S. Department of State
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner ကို ပုံမှန် သတင်းစာ ရှင်းလင်းပွဲတခုတွင် တွေ့ရစဉ်။ ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန
မြန်မာနိုင်ငံမှာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီက ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မဲ့ အလားအလားတွေ တွေ့မြင်ရတဲ့ အတွက် အပြောင်းအလဲ ပိုဖြစ်လာအောင် ပိတ်ဆို့ အရေးယူမှု တချို့ ဖယ်ရှားဖို့ ပြောဆို သုံးသပ်တာမျိုး ရှိမရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က အခုလို ပြောလိုက်တာပါ။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရဆီက အပြုသဘော တိုးတက်မှုတွေ လက္ခဏာတွေ တွေ့ရပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့လည်း ကောင်းမွန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ နိုင်ငံရေး စနစ် လွတ်လပ် ပွင့်လင်းလာရေးလို ကိစ္စတွေမှာ ခိုင်မာ တိကျတဲ့ အပြုသဘောခြေလှမ်းတွေ တိုးပြီး မြင်တွေ့လိုတဲ့ အကြောင်း တိုက်တွန်း ပြောကြားထားပါတယ်လို့ သူက ပြောသွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး ညီလာခံ ကာလမှာ မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်မှာ ဖြစ်သလို အမေရိကန် သမ္မတ အိုဘားမားလည်း တက်ရောက်ဖို့ ရှိပြီး ၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက မြန်မာပြည် ခရီးစဉ် အတွင်း ပြောကြားခဲ့ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"