
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရေးတို့အတွက် တရားဟောနေတဲ့ ကိုယ်တော် ၅ ပါးထဲက တပါးဖြစ်တဲ့ ဦးမာဃက ဒေါ်အောင်ဆန်းစုကြည့်၊ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားကိုယ် စားလှယ်တွေ စတဲ့ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆောင်ရွက်စေ ချင်တယ်လို့ မိန့်ပါတယ်။
“သမ္မတကြီးကို တိုင်းရင်းသားကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့၊ နိုင်ငံရေးကိုယ် စားလှယ်တွေ အားလုံး စုပေါင်းပြီးတော့ ဆွေးနွေးကြဖို့ အဲဒီအတွက် အမြန်ရောက်အောင် သွားစေချင်တယ်။ သုံးပွင့်ဆိုင်ပေါ့၊ တိုင်းဖရိမ် (Time Frame) တွေ၊ ကန့်သတ်ချက် ရက်တွေနဲ့ … အဲဒီအနေအထားမျိုးတော့ ဦးဇင်းတို့ ပိုပြီးတော့ လိုလားပါတယ်။”
ဒီသံဃာတော် ၅ ပါးဟာ မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်းမှာ ဒီနေ့ မနက်က နေ ညနေ ၄ နာရီအထိ ငြိမ်းချမ်းရေးတရားပွဲလုပ်ပြီး သံဃမဟာနာယက ဆရာတော်တွေ ရဲ့ မေတ္တာရပ်ခံချက်ကြောင့် မစိုးရိမ်တိုက်ကိုရွှေ့ပြီး တရားပွဲတွေ ဆက်လုပ်ဖို့ စီစဉ်နေပါ တယ်။
“ဆရာတော်တို့ စီစဉ်ပေးတာက ဦးဇင်းတို့လုပ်နေတာက တရားဝင်တာမျိုး မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ တရားဝင်တဲ့နည်းနဲ့ တောင်းဆိုဖို့ဆိုပြီးတော့ လုပ်ထုံးလုပ် နည်းအရ ဦးဇင်းတို့ကို ဆရာတော်တွေက လမ်းညွှန်ပေးပြီးတော့ ဦးဇင်းတို့ ပထမ ပြဌာန်း ထားတဲ့ အချက်သုံးချက်ကို တရားဝင် တောင်းဆိုထားတာဖြစ်ပါတယ်။”
ဒီမနက်က တရားပွဲကို ရဟန်းနဲ့ ပြည်သူတွေ ရာနဲ့ချီ လာရောက်နားထောင်ခဲ့ကြပြီး အစိုးရဘက်က အနှောင့်အယှက်မပေးခဲ့ပါဘူး။
မစိုး ရိမ်တိုက်မှာ စာသင်သားတွေ စာမေးပွဲကာလနဲ့ တိုက်ဆိုင်နေတာကြောင့် ရှေ့ဆက်ပြီးတရားဟောရာမှာ အကန့်အသတ်တချို့ ရှိနိုင်ပေမယ့် စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်သွားမယ်လို့ ဦးမာဃက မိန့်ကြားပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !