မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ဆန်ဖရန်ဘေးဧရိယာမှာ နိုဝင်ဘာ ၁၉ ကျင်းပမည်
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၁၅၊ ၂၀၁၁
လာမယ့်စနေနေ့ နေ့ခင်း ၂ နာရီက ညနေ ၅ နာရီအထိ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ တရားပွဲများ၊ မြန်မာကွန်မြူုနီတီပွဲများ ကျင်းပနေကျ Centreville ရိပ်သာမှာ ကျင်းပမှာဖြစ်လို့ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားထားပါတယ်။
ဖိတ်ကြားထားသူ အောက်ပါပုဂ္ဂိုလ်များက ဟောပြောကြမှာဖြစ်ပြီး တက်ရောက်သူပရိသတ်က ၀ိုင်းဝန်းဆွေးနွေးကြမယ့် ကွန်မြူုနီတီဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ International River Network က အမျိုးသမီးတဦးကသာ အင်္ဂလိပ်ဘာသာနဲ့ ဟောပြောဆွေးနွေးမှာဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များက မြန်မာဘာသာနဲ့ ဟောပြောဆွေးနွေးမှာ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီက မြန်မာအရေးလှုပ်ရှားသူ ကိုအောင်ဒင်က “ဧရာဝတီတော်လှန်ရေး မပြီးသေးပါ”။ ဘာကလေးတက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေသူ သတင်းစာဆရာ ကိုမင်းဇင်က “တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဧရာဝတီကယ်တင်ရေးလှုပ်ရှားမှု”။ ကချင်တိုင်းရင်းသားကွန်မြူနီတီလူငယ်ကိုယ်စားလှယ် L နော်ဆန်း – “ဧရာဝတီကပြောတဲ့ ပြည်ထောင်စု” နဲ့ ဆန်ဖရန်အခြေစိုက် International River Network က Grace Mang က “Assessment on China’s Project in Burma” နဲ့ ပတ်သက်တဲ့ သူတို့အမြင်ကို တင်ပြကြမှာ ဖြစ်ပါတယ်။
အခမ်းအနားကျင်းပမယ့် နေရာနဲ့ အစီအစဉ်အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉၊ စနေနေ့၊ ဖရီးမောင့်မြို့ Centreville Community Center (3355 Country Drive, Fremont, CA 94536 ) မှာနေ့လယ် ၂ နာရီက ၅ နာရီအထိ မှာ နေ့ခင်း ၂ နာရီ မှ ၂း၃၀ နာရီအထိ လဘက်ရည်၊ မုန့်မျိုးစုံနဲ့ ဧည့်ခံပါမယ်၊ ညနေ ၂း၃၀ နာရီက ၅ နာရီအထိ ဟောပြောပွဲ၊ ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရန် – ကိုကျော်သူရ 15-420-1504, မခင်သီရိနန္ဒာစိုး (khinthirinandarsoe@yahoo.com),
ကိုညီညီသန်း (510-552-9767), ကိုမိုးကျော် (650-834-0184), ကိုကျော်ဝင်း (babymoekyaw@yahoo.com) တို့ကို ထုတ်ပြန်ထားပါတယ်။
ကိုညီညီသန်း (510-552-9767), ကိုမိုးကျော် (650-834-0184), ကိုကျော်ဝင်း (babymoekyaw@yahoo.com) တို့ကို ထုတ်ပြန်ထားပါတယ်။
ဧရာဝတီချစ်သူများဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကူညီကြသူ အလှူရှင်အမည်များကတော့ ကုသလကာရီ ကျောင်းထိုင်ဆရာတော် ဦးကောသံလ၊ ဆရာတော် ဦးနေမိန္ဒာဘိဝံသ၊ မနွေဦး (အစားအသောက်အလှူရှင်)၊ ကိုကိုလေး (Ko Ko Photo)၊ ကချင်တိုင်းရင်းသားမိသားစုများ (ကချင်ရိုးရာစားစရာ)၊ ဒေါ်ကြင်ကြင်စိန် (ဖရီးမောင့်၊ ရှမ်းခါက်ဆွဲ)၊ မဂျက်နီဖာ (ဒိုးနတ်မုန့်မျိုးစုံ)၊ ကိုစိုးပိုင်၊ စနှောင်လတ်၊ သမီး ကူကူစိုးနှင့် သမီး ချန်နစိုး မိသားစု။ ဦးမြတ်ထူး မိသားစု။ သုံးရောင်ခြယ်လူငယ်အဖွဲ့ (USA), လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (USA Branch)။ မြန်မာအမေရိကန်ဒီမိုကရေစီမဟာမိတ် (BADA) အဖွဲ့။ Save Irrawaddy SF Campaign Committee Volunteers များ ၀ိုင်းဝန်းထည့်ဝင်ကြတာ ဖြစ်ပါတယ်။ (စာရင်းများ ဆက်လက်ကောက်ခံပြီး တင်ပြလျက်ရှိပါတယ်)
ဒီကွန်မြူနီတီဆွေးနွေးပွဲဟာ ဆန်ဖရန်ဘေးဧရိယာမှာနေထိုင်ကြတဲ့ မြန်မာပြည်နဲ့ ဧရာတီကို ချစ်ခင်ကြသူ မိသားစုများ၊ စေတနာရှင်များ၊ လုပ်အားပေးများရဲ့ ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်းကြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အများပြည်သူထံက အလှူခံရရှိတဲ့ ငွေကြေးနဲ့ လှုပ်ရှားမှုကို ၀ိုင်းဝန်းဆောင်ရွက်တာဖြစ်ပြီး စာရင်းများကို ရှင်းလင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာကတော့ -
“စက်တင်ဘာ ၃၀ နေ့မှာ မြန်မာအစိုးရရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို လက်ရှိအချိန်မှာ ခေတ္တရပ်ဆိုင်းကြောင်းသာ ထုတ်ပြန်ခဲ့ပြီး ထိုစီမံကိန်းကို တရားဝင်လုံးဝ ရပ်ဆိုင်းခြင်း မရှိသေးပါဘူး။ သို့ဖြစ်ပါ၍ မြန်မာအစိုးရ၏ သမ္မတကြီး ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းကိစ္စအ၀၀ကို လုံးဝ ရပ်ဆိုင်းကြောင်း၊ ဖျက်သိမ်းကြောင်း တရားဝင် တိကျရှင်းလင်းစွာ ထုတ်ပြန်ပေးပါရန် မိမိတို့က တောင်းဆိုအပ်ပါတယ်။ …
သို့ဖြစ်ပါ၍ ကျနော်တို့ ဧရာဝတီနှင့် မြန်မာပြည်ချစ်မြတ်နိုးသူများအနေဖြင့် ဧရာဝတီမြစ်ကြီးကို ကာကွယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်တွင်း က စေတနာ့ဝန်ထမ်း ပညာရှင်များ၊ စေတနာရှင် လုပ်အားပေးများ၊ အစုအဖွဲ့များ၊ အနုပညာရှင်များရဲ့ ဆောင်ရွက်ချက်များကို ကူညီပံပိုး ထောက်ခံ အားပေးတဲ့ လှုပ်ရှားမှုများ၊ မိမိတို့ ဒေသအလိုက် လှုံဆော် စည်းရုံးမှုများ တတ်စွမ်းသမျှ လက်တွဲ လုပ်ကိုင်ကြမယ် ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ …. … … …“
Facebook Event Invite : http://www.facebook.com/event.php?eid=199650226776073
မိုးမခမီဒီယာက အထက်ပါမြန်မာကွန်မြူုနီတီ လှုပ်ရှားမှုကို ပြန်ကြားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးပါတယ်။ မြန်မာမိသားစုများရဲ့ သွေးစည်း ညီညွတ် ချစ်ခင်မှု ယိုင်းပင်းကူညီမှုတွေကို ထုတ်ဖော်ပြသတဲ့ ဆွေးနွေးပွဲအဖြစ် မှတ်ကျောက်တင်နိုင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !