ထိပ်ဆုံး သတင်း :
Home » » မန္တလေး မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဦးဆောင်သံဃာတော်တွေရဲ့ ၁၄ရက်နေ့က ရရှိထားတဲ့ အင်တာဗျူးအသံဖိုင်နှင့် ၁၅ရက်နေ့ မြင်ကွင်း၊ ကြေငြာချက်များ..

မန္တလေး မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဦးဆောင်သံဃာတော်တွေရဲ့ ၁၄ရက်နေ့က ရရှိထားတဲ့ အင်တာဗျူးအသံဖိုင်နှင့် ၁၅ရက်နေ့ မြင်ကွင်း၊ ကြေငြာချက်များ..

11/16/2011 01:20:00 PMတွင်ရေးသည်

မန္တလေး ငြိမ်းချမ်းရေး ဆန္ဒပြသံဃာတော်များရဲ့ အင်တာဗျူး by Demo Waiyen
မန္တလေး ငြိမ်းချမ်းရေး ဆန္ဒပြသံဃာတော်များရဲ့ အင်တာဗျူး by Demo Waiyen
(မြန်မာ့ငြိမ်းချမ်းရေးမှ ကမ္ဘာ့ငြိမ်းချမ်းရေးသို့) ယနေ့ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးဆောင် သံဃာတော်များရဲ့ ဆန္ဒပြပွဲ ရည်ရွယ်ချက် အသံဖိုင်ပါ..။ ဆန္ဒထုတ်ဖော် မပြသမှီ တရက်အလို ၁၄ရက်နေ့က ရရှိထားတဲ့ အင်တာဗျူးအသံဖိုင် ဖြစ်ပါတယ်..။

ဓာတ်ပုံ၊ ဆရာတော် ဦးဣသရိယ၊ ဒီမိုဝေယံ
အသံဖိုင်.. ဒီမိုဝေယံ

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ် ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁ ညိုကြီး

၁။ မန္တလေး သပိတ်မှောက် သံဃာအရေးအခင်းကို သတင်းယူ ဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်းတင် ခြေရာခံခြင်းများ ရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက် တစ်ဦးမှ ပြောကြားပါသည်။

၂။ မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေးတရားများ ဟောပြော တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ (၃)ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်း ပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

၃။ ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။

ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။

၎။ ‎"Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။

ညိုကြီး

သတင်းရေးချိန် - 9:30 PM, 2011, Nov 15
ဖေ့ဘွတ်မှ ကိုညိုကြီးတဂ်ထားတဲ့ သတင်းပါ..  ကိုညိုကြီးအား ကျေးဇူးတင်ပါသည်..။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"