ထိပ်ဆုံး သတင်း :

ဒီနေ့ တနင်္လာနေ့ပါ, မေလ 05, 2025

Home » » မြူးဇစ် ဆိုတာ ကိုယ်တိုင် သင်ယူရတဲ့ ပညာပဲ အငဲ

မြူးဇစ် ဆိုတာ ကိုယ်တိုင် သင်ယူရတဲ့ ပညာပဲ အငဲ

7/02/2013 10:45:00 PMတွင်ရေးသည်

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ဂီတ သင်တန်းကျောင်း Legacy Music Academy ကျောင်းဖွင့်ပွဲကို ဂီတလောကမှ အတော် များများတက်ရောက် ဂုဏ်ပြု ခဲ့ကြတာကို တွေ့ရသလို IC ဝိုင်းတော် သားများကို စုံစုံလင်လင် တွေ့ခဲ့ရပါ တယ်။  IC အဖွဲ့သား တစ်ဦး ဖြစ်သလို၊ မြန်မာ့ ရော့ခ်ဂီတ လောကမှာ မပါ မဖြစ် တေး သံရှင် တစ်ဦး ဖြစ်တဲ့ ရော့ခ် အဆိုတော်ကြီး အငဲလည်း ပွဲကိုတက်ရောက် လာတာ တွေ့ရပါတယ်။ ဂီတကို စိတ်ဝင်စားမှု ရှိတဲ့ လူငယ်တွေ အတွက် Legacy ဂီတ သင်တန်းကျောင်းက ဘယ်လောက် အတိုင်းအတာ တစ်ခု အထိ ပံ့ပိုးပေးနိုင်မယ် ထင်ပါသလဲလို့ အငဲ ကိုမေးတော့ “ဒီဟာမျိုးက အရင် ကတည်းက ကျွန်တော်တို့ ဆီ မှာ လိုအပ်နေတာလေ။ မနေ့က လိုအပ် နေတဲ့ဟာ ဒီနေ့ ပေါ်လာတဲ့ သဘောပေါ့။ ကောင်းပါတယ်။ အပေါက်များ တော့ဝင်ဖို့ ပိုလွယ်သလိုပေါ့။ တံတား တွေ များတော့ လည်း ရောက်ဖို့ ပိုလွယ် ပါတယ်။ များလေ ကောင်းလေပါပဲ။” လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

ကိုအငဲတို့ ဂီတလောကို စတင် တိုးဝင်ခါစတုန်းက ဂီတနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာသင်ယူ ခဲ့ရလဲလို့ မေးတော့ “ကျွန်တော်က နယ်မှာနေတဲ့ သူဆိုတော့ နီးစပ်ရာ နီးစပ်ရာ ပေါ့။ ရှေးတုန်းက လူကြီး တွေပြောသလို၊ တတ်တဲ့ သူဆီသွားနေ ရတယ်တဲ့၊ သူတို့ အမှတ်မထင် ပြောဆိုတဲ့ ကြား ဆရာ၊ မြင်ဆရာ။ အဲဒီလို ကနေပဲ ရအောင် ယူရတာပါပဲ။ အခုလို မျိုးကြီး သင်တန်းကျောင်း ဆိုတာ တကယ် ဝါသနာ အစစ်အမှန် ရှိမယ် ဆိုရင် သူ့ အတွက် ကတော့ လက်နက် ရသွားပြီ လေ။ ကျွန်တော် တို့ မြူးဇစ် ကို စိတ်ဝင်စားတဲ့ အချိန်မှာ ခုလိုတွေ မရှိသလောက်ပဲ။ တကယ်ကို စနစ်တကျ သင်တန်း တက်နိုင်တဲ့ သူတွေတော့ ကျွန်တော်တို့ အချိန်တုန်း ကလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ လွယ်လင့် တကူ တော့ မရှိခဲ့ဘူး။ နယ်မြို့ဘက်တွေမှာ ဆိုတော့ ပိုသိသာတယ်လေ။ ဘယ်သူ တီးတတ် တုန်း၊ ဘယ်သူ့ကို ကြိုက်လဲ။ သူ့ဆီကို ချဉ်းကပ်။ မသိတာ ရှိ ရင်မေး။ အဲဒီလိုပဲ လေ့လာရတာကိုး။ အဲဒီတော့ ကိုယ့် အနီးအနားမှာ ရှိ သလောက်ပဲ ရတယ်။ 

ဒါပေမဲ့ ကျွန်တော် မြင်တာက တော့ မြူးဇစ် ဆိုတဲ့ဟာကလည်း ကိုယ်တိုင် သင်ယူရတဲ့ ပညာကို ကိုယ့်အမြင် ပေါ်လာတာတွေနဲ့ ပေါင်းစပ်ရတဲ့ အရာဆိုတော့ သင်္ချာ တစ်ပုဒ်လို တော့ မဟုတ်ဘူး” လို့ ဂီတနဲ့ ပတ်သက်ပြီး သင်ယူလေ့လာ ခဲ့ရမှု ကို ပြောပြပါတယ်။
 ဆက်လက်ပြီး ကိုအငဲတို့ ဂီတ တိုးဝင်ဖြတ်သန်းလာ ကြတဲ့ ပုံနဲ့ အခု ဒီအချိန် ဂီတ လောကကို ဝင်ရောက်လာတဲ့ လူငယ် မျိုးဆက်တွေ နဲ့ ဂီတလောက ကို တိုးဝင်တဲ့ ပုံစံက ခြား နားပြီး မတူညီတာတွေ ဘာများ ရှိလာပြီလဲလို့ ဆက်မေးတော့ “အခု အချိန်မှာ သူတို့ ဘာတွေ တွေ့ နေရသလဲ ဆိုတာ ကို ကျွန်တော် သိရ မှာပဲ ဘယ်လို ခြား နားနေတုန်း ပြော လို့ ရမှာ။ ဒါပေမဲ့ သူတို့ အနေနဲ့ ဒီ သင်တန်းကျောင်း လိုဟာနဲ့ ပတ်သက် ပြီးပြောရမယ် ဆိုရင်တော့ ခုနက ပြောခဲ့သလိုပဲ သင် ပေးဖို့ ရှိတော့ ကောင်းတာပေါ့။ ကျွန်တော့် ပုဂ္ဂလိက အမြင်တာက သူတို့တွေကို ကြားရတဲ့ အခါ တော်ကြပါတယ်။

 မြူးဇစ် လုပ်တဲ့ ဟာတွေမှာ တချို့ရင်ဘတ် ရှင်းရှင်း နဲ့ လုပ်တဲ့ ဟာတွေပေါ့။ ကောင်းပါတယ်။ အခြေအနေ နဲ့ အချိန်အခါ နဲ့ မရောက် လို့သာ သူတို့ လိုအပ် သလောက် တိုးမပေါက်သေးကြတာ နေမှာပါ။ တကယ် ကျတော့ Talent ရှိတဲ့ သူတွေ များပါတယ်။ တအားချွန် ထွက်ပြီးတော့ ကောင်းနေတာမျိုး တော့ သိပ်မမြင်ဘူး။ ဒါပေမဲ့ ထိုက် သင့် သလောက်တော့ တော်ကြပါ တယ်” လို့ လူငယ်တွေ နဲ့ပတ် သက်ပြီး အငဲက သူ့ ရဲ့အမြင်ကို ပြောပြလာပါတယ်။
ထက်လူလူ
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"