ထိပ်ဆုံး သတင်း :

ဒီနေ့ဗုဒ္ဓဟူးနေ့ပါ, ဧပြီလ 30, 2025

Home » » သားနှစ်ယောက်ရဲ့ ဝါသနာကို ပြောပြတဲ့ မျိုးကြီး

သားနှစ်ယောက်ရဲ့ ဝါသနာကို ပြောပြတဲ့ မျိုးကြီး

7/02/2013 10:46:00 PMတွင်ရေးသည်

လက်ရှိ မြန်မာပြည် ရော့ခ်လော ကမှာ အအောင်မြင်ဆုံး ရော့ခ်ကာ တွေထဲက တစ်ဦး ဖြစ်တဲ့ မျိုးကြီးဟာ ခုလို အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ခရီးလမ်းမှာ သေချာ စနစ် တကျ သင်ကြားပြသမှု မရှိခဲ့ပေမယ့် ကိုယ်တိုင် လက်လှမ်းမီရာ အားထုတ်မှုတွေ၊ ပါရမီ တွေနဲ့ ဖြတ်သန်း ခဲ့တာဖြစ်ပါတယ်။ သူတို့ ခေတ်တုန်းက သင်တန်းကျောင်း တွေ ရှားပါးပုံ ကို မျိုးကြီးက အနည်းငယ် ပြန်ပြောပြတာက “သင်တန်း လေးတွေတော့ ရှိတယ်။ ဂစ်တာ သင်တန်း၊ အဆို သင်တန်းလေးတွေ စသဖြင့် လက်လှမ်းမီ သလောက် လေ့လာ ရတယ်။ ဂစ်တာ သင်တန်းတော့ တက်ဖူးတယ်။ ပြီးတော့ သီအိုရီပိုင်း ကိုတော့ ကိုဇာလျန်း သင်တဲ့ သီအိုရီ ပိုင်း သင်တန်း ရှိတယ်။ အခုတော့ တစ်နေရာ တည်းမှာ အစုံသင်လို့ရ တဲ့ ကျောင်းတွေ ရှိတယ်။ ကျွန်တော် တို့ ငယ်ငယ်ကတော့ သင်တန်း တစ်ခုစီက သတ်သတ်ပေါ့။ ခုတော့ တစ် နေရာတည်းမှာ အကုန် သင်နိုင် တယ်” လို့ မျိုးကြီး ကပြောပါတယ်။

လက်ရှိအချိန်မှာ သားနှစ်ဦးလည်း ရရှိနေပြီ ဖြစ်တဲ့ မျိုးကြီးကို သားသမီး တွေနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “သားနှစ်ယောက် ရှိတယ်။ အကြီးက ၁၂နှစ်၊ အငယ်က ၃နှစ်။ အငယ်လေး ကတော့ မြူးဇစ်ဘက်ကို စိတ်ဝင်စား တယ်။ အကြီးကတော့ ကွန်ပျူတာ ဘက်ကို ပိုအားသန်တယ်။ အငယ် လေးကြီးလာလို့ စိတ် ဝင်စားရင်တော့ ကိုကိုလွင် ဖွင့်တဲ့ Legacy သင်တန်း ကျောင်းမှာထားမယ်။ တအားတော့ ထိန်းချုပ်တာမျိုး မလုပ်ပါဘူး။ သူတို့ စိတ်ကြိုက် လုပ်ခွင့်ပေးမှာပါ”လို့ သားတွေနဲ့ ပတ်သက် တာ ကို ပြောပြပါတယ်။ မျိုးကြီးအနေနဲ့ သူ့ရဲ့ နောက်ထပ်အခွေ အတွက် လုံးပန်းနေပြီး IC show တွေကို တော့ ဇူလိုင်လကုန်မှာ ပြန်စဖို့ ရှိတယ်လို့ လည်း သိရပြီး IC အနေနဲ့ အခွေ တစ်ခွေထွက်လာဖို့ လည်း ရှိတယ်လို့ သိရပါတယ်။

“LMN တို့၊ ရာစုသစ်တို့လို အတွဲခွေမျိုးတော့ ထွက်ဖို့မရှိသေးဘူး။ IC Live show နှစ် ၂ဝပြည့် အခွေတော့ ရှိတယ်။ အဲဒါက ရိုက်ထားတာ ကြာပြီ။ အဲဒီထဲမှာ Live Show ဆိုတော့ သီချင်း အဟောင်းတွေပဲ ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက် နေ့မှာ ဦးကိုကိုလွင် ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာ အဆင့်မီ Legacy ဂီတ သင်တန်းကျောင်း နဲ့ ပတ်သက်ပြီးလည်း မျိုးကြီးက “ကိုကို့ (ကိုကိုလွင်) အတွက်လည်း ဝမ်းသာတယ်။ လာသင်မယ့် သင် တန်းသားတွေ အတွက်လည်း နိုင်ငံတကာ အဆင့်မီ ဖြစ်တဲ့အတွက် ဝမ်းသာစရာကြီးပေါ့။ သင်တဲ့ ဆရာတွေလည်းကောင်း တယ်။ သင်တဲ့ ပုံစံတွေလည်း ကျွန် တော်တို့ မြင်မိသလောက်တော့ ကောင်းပါတယ်။ အဲဒီ အတွက် ဝမ်းသာပါ တယ်”လို့ ပြောပြခဲ့ပါ တယ်။
 ရဲရဲ  
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"