ထိပ်ဆုံး သတင်း :

ဒီနေ့ကြာသပတေးနေ့ပါ, ဧပြီလ 10, 2025

Home » » ကချင်ဒုက္ခသည်စခန်းများမှ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းမတက်နိုင်သေး

ကချင်ဒုက္ခသည်စခန်းများမှ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းမတက်နိုင်သေး

6/10/2013 11:39:00 PMတွင်ရေးသည်

ပုံဖော်ခြင်းသာ
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးမှုများ ပြုနေပြီး သဘောတူညီမှုများ ရရှိထားသော်လည်း ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော ကလေးငယ်များ ယခုနှစ် ကျောင်းဖွင့်ရာသီရောက်နေသော်လည်း ကျောင်းမတက်နိုင်သေးကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ
ဒေါ်ခွန်ဂျာက မဇ္ဈိမကို ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ဆုတောင်းပွဲတွင် ၎င်းက မဇ္ဈိမကို ပြောကြားခြင်းဖြစ်ပြီး ယင်းပွဲကို ဇွန်လ ၉ ရက်တွင် ရန်ကုန်မြို့၊ အလုံမြို့နယ် ဇောတနာရာမ
ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပွဲသို့ လူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း စစ်ဖြစ်ခဲ့သော နှစ်နှစ်အတွင်း ကျောင်းနေအရွယ် ကလေးငယ် ၄ဝ,ဝဝဝ ခန့် ပညာသင်ခွင့် ဆုံးရှုံးခဲ့ပြီး၊ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ ကျောင်းတက်ရန်အတွက် အခက်ခဲများ၊ ကျောင်းသုံး သင်ထောက်ကူပစ္စည်း အခက်အခဲများ ရှိနေကြကြောင်းလည်း ဒေါ်ခွန်ဂျာ က ဆက်လက်ပြောကြားသည်။

၎င်းက ''ဒီနှစ် မိုင်ဂျာယန်ဒေသက စခန်းတွေမှာ ကလေးတွေအတွက် ပညာသင်မပေးနိုင်ဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ ပန်းရဲ့လမ်းအဖွဲ့က အကူညီနဲ့ ကျောင်းသုံးစာအုပ်တွေ၊ ထောက်ပံ့မှုတွေရရှိခဲ့လို့ အဆင်ပြေခဲ့တယ်။ ဒုက္ခသည် စခန်းတွေမှာ စာသင်ရတာကြတော့ ကလေးတွေအနေနဲ့ စာကိုအာရုံထဲ ရောက်မလာကြဘူး။ ဒုက္ခသည် စခန်းတွေက ကလေးတွေ တော်တော်များများ ဒီနှစ်လည်း ကျောင်းမတက်နိုင်ကြသေးဘူး'' ဟု ဆိုသည်။

ကချင်ပြည်နယ်စစ်ပွဲများကြောင့် ဒုက္ခသည်စခန်းများမှ ကလေးငယ်များနှင့် ဒုက္ခသည်စခန်းများတွင် ပညာ သင်ပေးရန်အတွက် ဆရာ၊ ဆရာမ လိုအပ်မှုများ၊ စာသင်ကျောင်းလိုအပ်မှုများလည်း ရှိကြောင်းကချင်ပြည်နယ် လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူ လူငယ်များအဖွဲ့မှ ကိုအောင်မင်းနိုင်က ရှင်းပြသည်။

၎င်းက ''ကျွန်တော်တို့ ရောက်ခဲ့တဲ့ လိုင်ဇာဒုက္ခသည် စခန်းမှာဆိုရင် ကလေးတွေကို ဝါးလုံးလေးတွေစီထားတဲ့ တဲလေးမှာ စာသင်ရတယ်။ တော်တော်ကို စိတ်မကောင်းစရာ မြင်ကွင်းပါပဲ''ဟု လည်း ဆိုသည်။

ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေအတွင်း ပညာသင်ကြားခွင့်ရရှိသော ကျောင်းသားများအနေဖြင့်လည်း အတန်းအောင်မြင်မှုရရှိပါကလည်း ပြည်တွင်းအစိုးရ၏ ထောက်ခံချက်မရှိသဖြင့် အလုပ်အကိုင်ရှာဖွေရာတွင်လည်း အခက်အခဲများ ရှိနေကြောင်းကိုလည်း ဒေါ်ခွန်ဂျာက ''KIO လက်အောက်ကန ၁ဝ တန်းအောင်တဲ့အခါမှာ အစိုးရက အသိအမှတ်ပြုပေးတာ မရှိဘူး။ တရုတ်ပြည်ဘက်သွားပြီး အလုပ်ရှာတဲ့အခါဖြစ်ဖြစ် ပညာရေးအောင်မြင်ကြောင်း
ထောက်ခံချက်မရှိတဲ့အတွက် အခက်အခဲ ဖြစ်ရတယ်''ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နှစ်နှစ်တာကာလအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးအခြေနေ များမှာ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ကြသော ပြည်တွင်း အရပ်ဘက်ငြိမ်းချမ်းရေး အဖွဲ့အစည်းများထံမှ သိရှိရသည်။

ဇွန်လ ၉ ရက်တွင် ကျင်းပသော ဆုတောင်းပွဲတွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများ နှစ်နှစ်ပြည့် ကာလအတွင်း ကချင်ဒေသခံ တိုင်းရင်းသားများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ အစိုးရတပ်မတော်သားများ
သေဆုံးခဲ့ကြမှုအပေါ် ပြည်တွင်း အရပ်ဘက်ဆိုင်ရာ ငြိမ်းချမ်းရေး အဖွဲ့အစည်းများက လွမ်းသူ့ပန်းခွေချခြင်းနှင့် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"